Part(5)

593 81 5
                                    

Unicode

သောမတ်စ် နွားနို့ထည့်ထားသော ဖန်ခွက်နှစ်ခွက်အား ကိုင်ပြီး ဧည့်ခန်းသို့ ထွက်လာတော့ သူတွေ့လိုက်ရသည်က စောစော က နေရာ မှာပင် မလှုပ်မယှက် ရပ်နေသော လီယို

"ကောင်လေး မင်း အဲ့မှာပဲ ဘာရပ်လုပ်နေတာလဲ
ဧည့်ခန်းထဲ သွားထိုင်ပါလို့ ငါ ပြောထားခဲ့တယ်လေ"

ခပ်မာမာ လေသံ ဖြင့် ပြောလာသော သောမတ်စ် အား လီယို ကြည့်လိုက်တော့ သောမတ်စ် ၏ လက်ထဲတွင် နွားနို့နှစ်ခွက်
သောမတ်စ် က ရိုးရိုးသားသား ပြောခဲ့သည်ကို မဟုတ်မဟတ် တွေးခဲ့မိသော ကြောင့် လီယို ပိုရှက်လာမိသည်။သောမတ်စ် ဧည့်ခန်း ရှိ ထိုင်ခုံတွင် ဝင်ထိုင်နေသည် ကိုပင် ဂရုမပြုမိပဲ မိမိတစ်ကိုယ်တည်း ၁၆ နှစ်အရွယ် လေး လို အရှက်သည်းနေမိ၏။

"ဟေ့...ကောင်လေး မင်း တစ်သက်လုံး အဲ့မှာ ရပ်နေတော့မှာလား"

ထပ်မံပေါ်ထွက်လာသော သောမတ်စ်၏ ခပ်မာမာ လေသံကို ကြားမှ လီယို တစ်ယောက် ဧည့်ခန်းရှိ ထိုင်ခုံသို့ အပြေးကလေး လာပြီး ထိုင်သည်။ဒီသူ နဲ့ ရှိနေလျှင် အယောင်ယောင် အမှားမှား အမြဲ ဖြစ်တတ်သော လီယို ။ ထိုသို့ ဖြစ်တတ် သည်မှာ လီယို တစ်ယောက်တည်းတော့ မဟုတ်နိုင် မိမိ တိတ်တခိုး ချစ်ရသူ မိမိဘေးနား တွင် ရှိနေချိန်မှာ လူအများစုသည် တလွဲတချော် ကိစ္စရပ်များ ကိုပြုလုပ်တတ်ကြသည် မဟုတ်လား။

လီယို သောမတ်စ်၏ ဘေးနား တွင် ဝင်ထိုင်လိုက်တော့ သောမတ်စ် က သူ့ရှေ့သို့ နွားနို့ခွက်အားတိုးပေးပြီး

"ကောင်လေး ရော့ နွားနို့ သောက်"

"ကျွန်တော်က ကလေးမှ မဟုတ်တာ ဦးလေး ကလည်း"

"ဟ ကလေးမှ နွားနို့ သောက်ရမယ် လို့ ဘယ်ကောင်ပြောထားလို့လဲ
တိုက်နေရင် သောက်လိုက်ပေါ့ စကားရှည်မနေနဲ့"

နွားနို့ခွက်အား သူ့မျက်နှာရှေ့ အားတိုးပေးလာသော သောမတ်စ် ကြောင့် လီယို နွားနို့ အား မသောက်ချင် သောက်ချင်နှင့် သောက်လိုက်ရသည်။လီယိုနွားနို့သောက်ရင်း သောမတ်စ် ကို ကြည့်လိုက်တော့ သောမတ်စ် ကလည်း သူ့ဘက်ကို ကြည့်နေသောကြောင့် မျက်လုံးချင်း ဆုံသလိုဖြစ်ကာ လီယို နွားနို့များ ပင် သီးသွားရတော့သည်။

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now