Part (3)

1K 94 5
                                    

Unicode

မျက်စိပေါ်သို့ ကျရောက်လာသော နေရောင်ခြည် စူးစူး ကြောင့်
သောမတ်စ် မျက်လုံး များပွင့်လာသည်။
နေ့တစ်နေ့ကို ဖြတ်သန်းရဦးမှာပဲဟု တွေးလိုက်ပြီး အိပ်ရာမှ ထကာ ကိုယ်လက်သန့်စင်လိုက်တော့သည်။ နံနက်စာစားရန် အောက်ထပ်ကိုဆင်းတော့ ယမန်နေ့ကလိုပဲ မစ်စ် ဘယ်ရီက သူ့ကို စောင့်နေသည်။ပေါင်မုန့်တစ်ချပ်ကို ယိုသုတ်ရင်းနဲ့ပေါ့...။
သူ ယခုလို မြင်ကွင်းကို မမြင်ရခဲ့တာ ၉ နှစ်နီးပါး ကြာပြီး ပြန်မြင်လိုက်ရသောကြောင့် သောမတ်စ် ၏ ပိရိသေသပ်သော နှုတ်ခမ်း တစ်စုံက ကွေးညွှတ်သွားသည်။
လှေကားတွင် ပြုံးပြီး ကျောက်ရုပ်လိုရပ်နေသော သောမတ်စ် ကို မြင်တော့

"သား ဘာလုပ်နေတာလဲ ဆင်းလာတော့လေ"

မစ်စ် ဘယ်ရီ၏ အသံ ကြားမှ သောမတ်စ် အသိစိတ်ပြန်ဝင်ပြီး စားပွဲသို့ လာကာ ထိုင်ပြီး မစ်စ်ဘယ်ရီ ပြင်ပေးထားသော ကော်ဖီကို သောက်လိုက်သည်။တိတ်ဆိတ်နေသော နံနက်စာဝိုင်းလေးကို မစ်စ်ဘယ်ရီ က

"သား မင်း အလုပ်က ဘယ်မှာလဲ အဆင်ပြေရဲ့လား"

"ကျွန်တောThe Mirror Bar မှာ အလုပ်ရတာ အမေ
ပြီးတော့ အတော်လေး အဆင်ပြေပါတယ်
အလုပ်စစဝင်ချင်း  တစ်နာရီကို  £7 ပေးတယ် အမေ ဒါပေမယ့် ကျွန်တော့်ကို သဘောကျလို့ တစ်နာရီကို £8 ပေးမယ်တဲ့ ပြီးတော့ အချိန်ကြာလာရင် လစာ တိုးပေးမယ်လို့လဲ ပြောတယ် အမေ"

"အေး ပါ ငါ့သား အဆင်ပြေရင်ပဲ အမေ ကျေနပ်ပါတယ်
ဒါနဲ့ ဒီနေ့ရော အလုပ်က ဘယ် အချိန်သွားရမှာလဲ"

"ကျွန်တော့် အလုပ်ချိန်က ညနေ ၆ နာရီမှ ပေမယ့် ဒီနေ့တော့ ၄ နာရီလောက် ကတည်းက သွားလိုက်မယ် အမေ ဘာလို့ဆို Manager က Cocktail စပ်နည်းတွေ သင်ပေးစရာရှိလို့ စောစော လာခဲ့ပါလို့ ပြောထားလို့ပါ"

"အင်း ဟုတ်ပြီ သား နေ့လည်စာကရော ဘာစားချင်လဲ"

"ဟင့်အင်း အမေ ဒီနေ့ မချက်နဲ့ ကျွန်တော် ချက်ကျွေးမယ်"

"အေးပါ သားရယ် ဒါဆို အမေ အခန်းထဲမှာ စာဖတ်ပြီး အနားယူတော့မယ်
သား အပြင်ထွက်ရင် သေချာ တံခါးပိတ်သွားနော်"

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now