Part (8)

272 24 4
                                    

Unicode

တည်မြဲခြင်းဆိုတဲ့အရာက ဘယ်မှာရှိလို့လဲ တည်မြဲမယ်အထင်နဲ့တည်ဆောက်ခဲ့တဲ့အိမ်ထောင်တွေတောင်ကွဲကြသေးတာပဲ
ရယ်ချင်စရာတစ်ခုက ဒီလူ့ မေတ္တာဟာတည်မြဲမယ်လို့ထင်နေတဲ့ လီယိုပဲ ။
သူ(ဒန်နီရယ်)အတွက်တော့အချစ်ကစိတ်ကူးယဥ်ချင်စရာသာကောင်းတဲ့အရာတစ်ခုပဲ လက်တွေ့မှာဘာအကျိုးအမြတ်မှမရှိဘူး
ဖောက်ပြန်ခြင်းတွေ သစ္စာမရှိခြင်းတွေပဲရှိတယ်
အချစ်တွေသာတစ်သက်လုံးမြဲခဲ့ရင် ဒယ်ဒီဟာ ဘာကြောင့်အငယ်အနှောင်းထားလိမ့်ဦးမလဲ ။

"တခဏ အရာတွေကို တစ်သက်တာလို့ထင်နေကြတဲ့သူတွေမြင်ရင် သိပ်ကိုရယ်ချင်တာပဲ"

တစ်ဦးတည်းတီးတိုးရေရွတ်လိုက်ပြီး အရှေ့ကိုကြည့်မိတော့ ဟိုလူကအရှေ့တွင်မတ်တပ်ရပ်လျက်သား

"မင်း မပြန်သေးဘူးလား ချာတိတ်"

ဒန်နီရယ် ခေါင်းခါပြလိုက်တော့ ထိုလူကတအံ့တဩအသံဖြင့်

"မင်းမပြန်လို့မရဘူးလေ မင်းအိမ်မှမဟုတ်တာ"

"ကျွန်တော့်မှာနေစရာမရှိလို့"

"ဟမ် မဖြစ်နိုင်တောတွေမပြောပါနဲ့ မင်းမနေ့က လာသောက်တုန်းက သားသားနားနားနဲ့ပါ ကိုယ့်အိမ်မှာတစ်ညအိပ်ပြီးမှ နေစရာမရှိအောင် ဘာလို့ဆင်းရဲသွားရတာလဲ"

"ဘာဖြစ်ဖြစ်ဗျာ ကျွန်တော်ခင်ဗျားအိမ်မှာနေမယ် ဒါပဲ"

ပြောချင်ရာပြောပြီး ခြေစောင့်ကာ အပေါ်တက်သွားသော ကောင်လေးအား သက်ပြင်းချပြီးသာ သောမတ်စ်ကြည့်နေမိ၏။

"တကယ့်မလွယ်ကြောလေး"

ချာတိတ်အပေါ်သို့တက်သွားပြီးပြီးချင်း မြည်လာသော ဘဲလ် သံကြောင့် သောမတ်စ် မည်သူမှန်းစူးစမ်းရန် အိမ်တံခါးဝသို့သွားမိသည်။တံခါးကို အသာဟ၍ကြည့်မိသောအခါ ဘဲလ်ကိုတီးခဲ့သောသူက

"ကောင်လေး မင်းဘာလာလုပ်တာလဲ"

"ဘာမှမလုပ်ပါဘူး"

လှော်ကန်မှုမရှိစွာဖြေဆိုသော ကောင်လေး၏ အဖြေကြောင့် သူ(သောမက်စ်)၏ မျက်ခုံးထူများသည် အထက်သို့မြင့်တက်သွားရ၏။
ကောင်လေး၏မျက်နှာကိုစူးစိုက်ကြည့်မိတော့ ငိုထားသည့်ပုံနှင့် မျက်ဝန်းများကမို့ကာ နှာခေါင်းလုံးလေးကနီဆွေးနေခဲ့သည်။
မည်သည့်စကားမျှထပ်မဆိုမိပဲ လက်ကဆွဲ၍ အိမ်တွင်းသို့ခေါ်မိသောအခါ ကောင်လေး၏ပေါ့ပါးသောကိုယ်က သူ(သောမက်စ်)၏ဆောင်ယူရာသို့ပါလာ၏။
ကောင်လေး၏ခေါင်းပေါ်တွင်ကပ်နေသော နှင်းမှုန်အချို့ကိုခါချပေးနေစဥ် ကောင်လေး၏လက်သွယ်များကသူ၏ခါးတစ်ဝိုက်တွင် တွယ်ယှက်လာသောအခါ သူ၏ကျောပြင်မှာတောင့်တင်းသွားရ၏။

You've reached the end of published parts.

⏰ Last updated: Jul 16, 2022 ⏰

Add this story to your Library to get notified about new parts!

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now