Part (7-1)

290 42 2
                                    

Unicode

လီယို ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သောကြောင့် လာရာလမ်းအတိုင်းပြန်လှည့်ကာ ပြေးထွက်ခဲ့သည်။

အလျင်ဖြင့်ရွေ့လျားသွားသော အရိပ်ကလေးတစ်ခုကို သောမက်စ်သတိပြုမိသော်လည်း Bar သို့လာသောသူဟုသာထင်မိပြီး ဂရုမပြုမိ ယခုသူ့အာရုံများစုပုံနေရာသည် သူ့ပုခုံးပေါ်တွေရှိသော ကောင်လေးထံဋ်သာ
အရက်အရှိန်ကြောင့် ရဲတက်နေသော ထိုကောင်လေး၏ပါးကို ခပ်ဖွဖွပုတ်၍

"ဟိတ် ချာတိတ် ထ "

ထိုအနှီကောင်လေးထံမှ "အင်း အဲ" ဟူသောအသံသာတုန့်ပြန်မှုရပြီး ခေါင်းကားမတ်မလာခဲ့
ထို့ကြောင့် နောက်တွင်ရပ်နေသော ရှောင့် ထံသို့စောင်းငဲ့ကာ

"ရှောင် ငါဘယ်လိုလုပ်ရမလဲ ဒီချာတိတ်က မူးပြီးအိပ်ပျော်သွားပြီထင်တယ်"

ရှောင်က တစ်ချက်ရယ်လိုက်ပြီး

"မင်း အိမ်ခေါ်သွားလေ"

"ဖြစ်ပါ့မလား"

"ဘာလို့မဖြစ်ရမှာလဲ သောမက်စ်ရဲ့"

"အေးအေး ဒါဆိုလည်း ငါခေါ်သွားလိုက်မယ် ငါနည်းနည်းခပ်စောသောပြန်သွားရတဲ့အကြောင်း မန်နေဂျာ့ကိုပြောလိုက်ဦး"

"အေး ဂရုစိုက်ပြန် ငါပြောလိုက်မယ် စိတ်ချ"

အနှီအမူးကောင်လေးကိုတွဲ၍ ထွက်ခွာသွားသော သောမက်စ်ကို ကြည့်ကာ ရှောင် ပြုံးလိုက်မိသည်။
သောမက်စ် ဤမျှလောက်တုံးအမည်ဟု သူမထင်ခဲ့ပါ
အသက်၃၅နှစ်အရွယ်ရှိသော သူသည် အခြားသူများကိုမိမိရိုးသားသလိုရိုးသားမည်ဟုထင်နေခြင်းသည် ထူးဆန်းသည်မဟုတ်လော
သောမက်စ်တွဲသွားသော ကောင်လေးသည် သူတို့ Bar သို့မကြာခဏလာဖူးသောသူဖြစ်သည်။သောမက်စ်သည် ဝန်ထမ်းအသစ်ဖြစ်သောကြောင့်မသိခြင်းသာ ပြီးတော့ ထိုကောင်လေးသည် Tequila ၄ ခွက်၏ ဒဏ်ကိုအတော်အသင့်ခံနိုင်သူဖြစ်ကာ ယခုကဲ့သို့ ခေါင်းမထူနိုင်တော့သည့် အခြေအနေမျိုး သူ(ရှောင်)တစ်ခါမျှမမြင်ဖူးခဲ့ပါချေ
ရှောင် သူ့၏ခေါင်းကို ခါလိုက်ပြီး တွေးမိသည်က

"ယခုခေတ်လူငယ်တွေ အတော့်ကိုမလွယ်ဘူး" ဟူ၍ပင်

သောမက်စ် ထိုအမူးသမားလေးကို ကုန်းပိုးကာ အိမ်သို့ပြန်လာခဲ့ရသည်။
လူတစ်ယောက်၏ အလေးချိန်ကို သယ်ရသည်မှာမလွယ်ကူ
အစပိုင်းတွင်ထိုကောင်လေးကို တွဲလျက်ခေါ်လာခဲ့သော်လည်း ခရီးမတွင်သောကြောင့် ကုန်းပိုးလိုက်ရခြင်းဖြစ်သည်။
အိမ်နှင့်သိပ်မဝေးသော The Mirror Bar တွင်အလုပ်ရခြင်းကြောင့်လည်းသူ့ကိုယ်သူကျေးဇူးတင်မိ၏။
ထပ်မံ၍ ကျေးဇူးတင်မိခြင်းက အမေ ခရီးသွားနေခြင်းပင်
အမေသာအိမ်တွင် ရှိနေလျှင် ထိုအနှီကောင်လေးအားအိမ်သို့ မခေါ်လာချင်ပါ သူ၏နူးညံ့သောစိတ်နှလုံးကလည်း မူးနေသောသူကိုလမ်းဘေးတွင်ထားခဲ့ရန်ခွင့်ပြုမည်မဟုတ်ပါချေ။
ထိုအခါစိတ်လွန်ဆွဲကာ သူ့အတွက်ဗျာများစေလိမ့်မည် ယခုအခါတွင်တော့ အမေအိမ်တွင်မရှိသောကြောင့် ဆုံးဖြတ်ချက်အမြန်ချကာ အိမ်သို့ခေါ်လာခဲ့ခြင်းပင်။

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now