Part(6)

796 71 9
                                    

Unicode

သောမတ်စ်၏အိမ်မှ Mayfair ရဲ့ Ashburton Pl မှာရှိတဲ့  Clarges Mayfair သို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင် လီယို ၏ အတွေးများရှုပ်ထွေးနေခဲ့သည်။

Apartment ရှိ သူ နေထိုင်ရာ အခန်းသို့ရောက်သောအခါ ရှုပ်ထွေးနေသော စိတ်ကို ရှင်းစေရန် Black Coffee တစ်ခွက်ကို ဖျော်လိုက်သည်။ပြီးနောက် ထိုကော်ဖီခွက်ကို ယူ၍ ဝရန်တာ သို့ထွက်လာမိ၏။ဝရန်တာတွင် ကော်ဖီ ကို အရသာခံသောက်နေစဥ် မျက်နှာပေါ်သို့ ဖြတ်ပြီး ဖြေးညှင်းစွာ တိုက်ခတ်သွားသော လေနုအေး ကြောင့် မျက်လုံးအစုံကို မှိတ်ချလိုက်ပြီး အေးမြသောခံစားမှုကို ခံယူနေမိသညျ။

ထိုအချိန်တွင် အခန်းတံခါး ပိတ်သံ အကျယ်ကြီး ကြောင့် လီယို နောက်သို့ လှည့်ကြည့်မိသော အခါ ဒန်နီရယ်(Daniel) ဖြစ်နေသောကြောင့် လီယို အံ့ဩသည် ထက်ပိုသော ခံစားချက်ကို ခံစားရ၏။သူ့ကို မျက်ဝန်းကျယ်များဖြင့် ကြည့်နေသော လီယို ကြောင့် ဒန်နီရယ် မဲ့ ပြုံးတစ်ခုကို ပြုံးလိုက်ပြီး

"ဟေး ညီလေး ကိုကြီး လာလို့ လန့်သွားတာလား"

လီယို ဒန်နီရယ် အား ပြန်ပြုံးပြလိုက်ပြီး

"ဘာလန့်စရာရှိလို့လဲ ဒန်နီရယ် ပြီးတော့ မင်း ငါ့ကို ညီလေးလို့ ခေါ်စရာ မလို ဘူး ဘာလို့ဆို ငါတို့က အသက်တူတူ မလို့"

လီယို စကားကြောင့် ဒန်နီရယ် အသံထွက်ရယ်လိုက်ပြီး လီယို အနားသို့ သွားလိုက်သည်။သူ့ထက် အနည်း ငယ် အရပ်ပုသော လီယို ကို ဒန်နီရယ် ခပ်စေ့စေ့ ကြည့်ပြီး လီယို၏ မေးဖျားကို ဆွဲမော့ကာ

"အို ငါတို့က အသက်တူတူ ဆိုပေမယ့် မင်းက အငယ်အနှောင်းရဲ့ သားဆိုတော့ ညီလေး လို့ ခေါ်သင့်တယ် ထင်လို့ ခေါ်လိုက်တာပါကွာ စိတ်မဆိုးပါနဲ့ အလှလေးရယ် ဟက်"

လီယို  ခနဲ့တဲ့တဲ့ စကားများဆိုနေသော ဒန်နီရယ် ကြောင့် ဒေါသ ထွက်ကာ သူ့မေးကို ကိုင်ထားသော ဒန်နီရယ် ၏ လက်ကို အားဖြင့် ပုတ်ချလိုက်ပြီး

"မင်း ငါ့ကို အလှလေးလို့လဲ ခေါ်စရာမလိုသလို ငါ့အမေကိုလည်း အငယ်အနှောင်း လို့ပြောစရာမလိုဘူး"

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now