Part 14

453 35 0
                                    

Unicode

Tayတစ်ယောက် အိပ်ပျော်အောင်အိပ်နေပါသော်လည်း အိပ်မပျော်တာမို့ ဘေးက မျက်နှာ ဖောင်းအိအိနဲ့ အသဲယားစရာ အကောင်ပေါက်လေးကိုသာ မိုးလင်းတဲ့ထိ ထိုင်ကြည့်နေမိတော့တယ်.......

နာရီကို ကြည့်လိုက်တော့ 7နာရီထိုးနေပြီ လေယာဥ်ကလဲ 8နာရီထွက်မှာ.....အကောင်ပေါက်လေးကလဲ အခုထိမထသေး....အဲ့တာနဲ့ Tayလဲ ထိုအကောင်ပေါက်လေးမနိုးခင် အိမ်ကိုပြန်လာခဲ့လိုက်တယ်......

Tayအိမ်ပြန်ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး ခရီးသွားဖို့ ပြင်ဆင်နေတဲ့အချိန် Singဆီကနေ ဖုန်းဝင်လာလို့ ကိုင်လိုက်တယ်.....

" hello Sing. ... "

" hello Tay... မင်းခရီးသွားမှာက Dနေ့လား... "

" အွန်း ခနနေ လေယာဥ်ကွင်းကို သွားရတော့မှာ... "

" ငါအစောကမှ ဆေးရုံက ပြန်ရောက်လို့ ခုမှရေချိုးပြီးတာ ခနနေ လေယာဥ်ကွင်းကို လာခဲ့မယ်နော် ငါ့ကို စောင့်နေအုံး ငါမင်းကို လိုက်ပို့ချင်လို့..... "

" အွန်း...Sing ငါစောင့်နေမယ် ဒါပဲနော်.... "

Newတစ်ယောက် အိပ်ယာနိုးတော့ ရေမိုးချိုးပြီး အခန်းပြင်ထွက်လာတော့ Singဖုန်းပြောသံကြားလို့ Singအခန်းထဲကို ဝင်သွားလိုက်တယ်......

"P Sing ဘယ်သူခရီးသွားမှာမို့ အကိုလိုက်ပို့မှာလဲ.... "

Sing Tayနဲ့ပြောပြီး ဖုန်းချလိုက်တော့ Newမေးတဲ့ မေးခွန်းကြောင့်အခက်တွေ့သွားတယ်.......

" အွန်း အကို့သူငယ်ချင်းတစ်ယောက် ခရီးသွားမှာ အဲ့တာ လိုက်ပို့မလို့...."

" awwဒါနဲ့ အကို Kristတို့ အဖွဲ့ကော ဆေးရုံဆင်းပြီလား... "

" အွန်း.....ဆင်းပြီ အကိုသွားတော့မယ်နော် နောက်ကျမှာဆိုးလို့... "

Singလဲ Newကို ပြောပြီးထွက်သွားတယ် Newလဲ Krist တို့ဆီသွားဖို့ ပြင်လိုက်တယ်.........

Tayတစ်ယောက် လေယာဥ်ကွင်းကိုရောက်တော့ မေမေတို့ကို နှုတ်ဆက်ပြီး Singကိုစောင့်နေလိုက်တယ် ခနကြာတော့ Singရောက်လာတယ်...

" တော်သေးတာပေါ့ Tayရယ် ငါမင်းသွားပြီထင်ပြီး မတွေ့ရတော့ဘူးမှတ်နေတာ... "

True Love 💙💚❤ ( Completed) Where stories live. Discover now