Extra part 1🌚

677 27 2
                                    

OffGun💚

Offတစ်ယောက် Gunနဲ့ Dateထားတဲ့နေ့မှာပဲသူ့အဖေက ခိုင်းထားတဲ့ အလုပ်ကိစ္စကြောင့် Gunကို လာမတွေ့နိုင်ဘူးဆိုတဲ့အကြောင်းဖုန်းဆက်ပြောရတယ်....

Offဖုန်းဆက်ပြီးပြောလိုက်တော့ Gun အလွန်ပင်စိတ်တိုသည်

ဘာလို့ဆို အရင်ရက်တေကလဲ Offနဲ့ချိန်းတိုင်း Offက သူ့အဖေခိုင်းထားတဲ့ အလုပ်ကိစ္စတေကြောင့် မတွေ့ဖြစ်ကြဘူး

ဒီနေ့လဲ တွေ့ဖို့ကို သေချာလားလို့မေးတော့ Offကလုံးဝသေချာပါတယ်ဆိုပြီး ပြောတယ်

အခုသွားခါနီးကျမှ အလုပ်ကိစ္စကပေါ်လာပြန်တော့ Gunစိတ်မဆိုးဘဲနေမလား....

Offသူ့အဖေခိုင်းထားတဲ့ ကိစ္စကြောင့် ဟိုတယ်တစ်ခုက စားသောက်ဆိုင်ကို လာရတယ်......

ဖြစ်ချင်တော့ သူတွေ့ရမဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်......

ထိုအမျိုးသမီးကတော့ သူ့ထက်အသက်ကြီးပုံပင် သူနားမလည်တဲ့ အကြောင်းအရာတေအားလုံးရှင်းပြပေးသည်.....

Gunကတော့ Offနဲ့ချိန်းထားတာ ပျက်သွားတာမို့ သူတို့ငယ်သူငယ်ချင်းအဖွဲ့တေနဲ့ချိန်းကာ ဟိုတယ် တစ်ခုမှာ နေလည်စာ လာစားကြတယ်.....

သူတို့သူငယ်ချင်းအဖွဲ့တေထဲမှာ သူအပါအဝင် ယောကျာ်းလေး 3ယောက်နဲ့ မိန်းခလေး2ယောက်ပါတယ်

အဲ့ထဲက ကောင်မလေးတစ်ယောက်က Gunကို ဟိုးငယ်ငယ်လေးထဲက ကြိတ်ပြီးချစ်လာခဲ့တဲ့သူ

Gunတို့ စားစရာတေမှာပြီး စားသောက်နေကြတာ ရယ်မောသံတေအပြည့်နဲ့ ပျော်စရာကောင်းလှသည်

အဲ့လိုပျော်နေတဲ့အချိန် Gunကတော့ ဘာရယ်မဟုတ် သူ့သူငယ်ချင်းကို ကြည့်လိုက်တာကို မျက်လုံးက ဟိုဘက်ဝိုင်းက သူချစ်ရတဲ့လူသားကို အမျိုးသမီးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးစကားပြောနေတာကိုတွေ့လိုက်ရတယ်.....

Gunလဲ မမြင်ချင်တဲ့အရာကို ကြည့်မနေတော့ဘဲ သူငယ်ချင်းတေနဲ့သာ မပျော်ပျော်အောင် နေလိုက်တော့တယ်

Offတစ်ယောက် အလုပ်အကြောင်းပြောနေရင်း သူအရမ်းရင်းနှီးနေတဲ့အသံကို ကြားတာကြောင့် ဘေးဘီကို ကြည့်လိုက်တော့ သူရဲ့ အချစ်ရဆုံးလူသားလေး

True Love 💙💚❤ ( Completed) Where stories live. Discover now