Part 16

390 35 0
                                    

Newတစ်ယောက် Singဖုန်းချသွားတော့...

" Gunမင်းပြန်တော့မှာလား.... "

" အွန်း ငါမပြန်သေးဘူး Offဆီလိုက်သွားလိုက်အုံးမယ်..... "

" အေးပါကွာ သွား သွား ငါလဲ အိမ်ပြန်တော့မယ်... "

Newလဲ Gunကို နှုတ်ဆက်ပြီး ပြန်သွားတယ်...Gunလဲ ဝတ်စုံသွားလဲ ပြီးတော့ Offကို ဖုန်းခေါ်လိုက်တယ်.....

Offတစ်ယောက် Kristပြောတဲ့စကားကြားပြီး Singတို့ကိုတောင် နှုတ်မဆက်နိုင်ဘဲ ပြေးထွက်လာခဲ့တယ်.....

အဝတ်လဲခန်းမှာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေတုန်း Gunဆီကနေ ဖုန်း ဝင်လာတော့ ချက်ချင်းပဲကောက်ကိုင်လိုက်တယ်.....(မူပါအုံး Pappiရယ်😁)

" hello Gun.... "

" Off မင်းအခု ဘယ်မှာလဲ...... "

" အွန်း ငါအဝတ်လဲခန်းထဲမှာ... "

" အေးပါ အဝတ်လဲပြီး ထွက်ခဲ့တော့နော် ငါ့ကျောင်းရှေ့က စောင့်နေမယ်.... "

" Ok ငါအခု လာခဲ့မယ်နော်..... "

Gunလဲ Offကိုဖုန်းဆက်ပြီး ကျောင်းရှေ့ကို ထွက်လာခဲ့တယ် ခနကြာတော့ Offရောက်လာပြီး..

" Gunမင်းတို့ အသင်းနိုင်တာ congratulations ပါနော်..... "

" ကျေးဇူးပါ Off မင်းတို့အသင်းတွက်တော့စိတ်မကောင်းပါဘူး.... "

" ရပါတယ် မင်းကလဲ မင်းတို့ကြိုးစားလို့ မင်းတို့နိုင်တာ ငါတို့က ဘာမှမဖြစ်ဖူး.... "

" အွန်း...Off ငါတောင်းပန်ပါတယ်နော်.... "

" ဘာလို့တောင်းပန်တာလဲ .... "

" အစောက Kristပြောခဲ့တဲ့ စကားအတွက်ပါ ငါမင်းကို လက်စားချေချင်တယ်ဆိုတာ အရင်ကပါ အခုမင်းနဲ့က သူငယ်ချင်းတေဖြစ်နေပြီဆိုတော့ ငါ့မှာ လက်စားချေချင်တဲ့ စိတ်မရှိတော့ပါဘူး..... "

" အွန်း ငါနားလည်ပါတယ် ငါလဲ အဲ့စကားကြားတော့ စိတ်မကောင်းဖြစ်သွားလို့ပါ မင်းကတိပေးထားတဲ့ အတိုင်း မုန့်လိုက်ကျွေးရမယ်နော်..... "

" ငါမမေ့ပါဘူး သွားကြမယ်လေ မင်းဘယ်ဆိုင်မှာ စားချင်လဲ.... "

" ငါတစ်ခုလောက်တောင်းဆိုလို့ရမလား.... "

" အွန်း ပြောလေ... "

True Love 💙💚❤ ( Completed) Where stories live. Discover now