Part 27

270 22 0
                                    

Newတစ်ယောက် အိပ်ရာကအစောကြီးနိုးနေတယ် ဘာလို့ဆို ဟို2ကောင်နဲ့အိပ်တော့ သူကအလယ်ထဲက အိပ်ရတယ် Gunကကန်လိုက် Kristကတွန်းလိုက် Gunက ဖက်လိုက် Kristက ဆွဲလိုက်နဲ့ မအိပ်ရရှာဘူး....

Newအိပ်ရာနိုးလို့ နာရီကြည့်လိုက်တော့ 7နာရီ....

Newအိပ်ရာထဲက ထလာပြီး ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးပြင်ဆင်ပြီး အခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ကာ Tayဖုန်းခေါ်မဲ့အချိန်ကို စောင့်နေတယ်....

Tayတစ်ယောက် ဆေးရုံကပြန်လာတော့ ည7နာရီထိုးပြီ ပြန်ရောက်ရောက်ချင်း ရေမိုးချိုးကာ Newကို ဖုန်းခေါ်လိုက်တယ်.....

New Tayဖုန်းခေါ်တာစောင့်နေရင်း 7ခွဲလောက်ကျတော့ Tayကဖုန်းခေါ်လာတယ်...

New: Hello P Tay. ..

Tay: New နိုးနေပြီလား အစောကြီးရှိသေးတာကို...

New: နိုးတာ မဟုတ်ဖူး အိပ်ကိုအိပ်လို့မရဘူး..

Tay: ဘာလို့လဲ....

New: ခနလေးကျနော်ပြမယ်....

NewGunတို့အိပ်နေတဲ့နေရာကို သွားပြီး ကင်မရာကိုလှည့်ကာ...

" P Tay ဒီမယ် မြင်လား အိပ်နေတာ ကြည့်ပါအုံး လူတေမှ ဟုတ်ရဲ့လား မသိဘူး..."

Tay: သူတို့က ယောကျာ်းလေးတေပဲ အိပ်ချင်သလိုအိပ်ကြပါစေ...

New: အကိုက ဘာသိလို့လဲ သူတို့ အဲ့လိုတေအိပ်တော့ ကျနော်အိပ်ဖို့နေရာတောင်မရှိဘူး 2ယောက်သား ကျနော့်ကို ကန်လိုက် တွန်းလိုက် ဆွဲလိုက် ဖက်လိုက်နဲ့....

New Tayကို ပြောနေတုန်း Kristနဲ့ Gun နိုးလာပြီး Kristက

" New မင်း P Tayကို တိုင်နေတာပေါ့ ဟုတ်လား"

New: ဟုတ်တယ်လေ တိုင်တော့ဘာဖြစ်လဲ...

Krrist: P Tayကျနော်ပြောပြမယ် ကျနော်တို့က သူ့ကို ချစ်လို့ ဖက်အိပ်တာပါ ကန်တာမဟုတ်ပါဘူး နော် Gun. ..

Gun: ဟုတ်ပ...

New: အမလေး 2ယောက်သား သူများကို ချွန်ဖို့ဆိုရင် အတိုင်အပေါက်ကို ညီနေတာပဲ...ဟွန့်....

Tay သူတို့လေးတေကို ကြည့်ပြီး ဘာမှမပြောနိုင်
3ယောက်သား စွာလိုက်တာလဲ လွန်ပါလေရော....

True Love 💙💚❤ ( Completed) Where stories live. Discover now