Part 20

345 30 0
                                    

Unicode

အခုဆိုရင် Singတို့ အတွဲနဲ့ Offတို့ အတွဲလေးလဲ အဆင်ပြေနေကြပြီ....Tayနဲ့Newမယ်တော့.....နေ့တိုင်း Video callပြောကြပြီး တစ်ယောက်နဲ့ တစ်ယောက် အလွမ်းသယ်နေကြသော်လည်း....Tayကို Newက အဖြေ မပေးသေးတာ...(ဘာလို့ပါလိမ့်..)

အချိန်တေကြာလာတော့ Newတို့ စာမေးပွဲတေ ဖြေပြီးလို့ ကျောင်းတေ ပိတ်သွားကြပြီ.....
Tayလဲ စာမေးပွဲပြီးသွားလို့....ဘန်ကောက်ကို အရမ်းပြန်ချင်နေတယ်...Newကိုလဲ သူအရမ်းတွေ့ချင်လှပြီ.....ဒါပေမဲ့ Singဖေဖေက သူ့ဆေးရုံမှာ ကျောင်းပိတ်တုန်းလေး အလုပ်သင်ဆင်းပါလားဟု ပြောလာသောကြောင့်....
ကျနော် ဘန်ကောက်ကို ပြန်ချင်တယ်...အဲ့က ပြန်လာပြီးမှပဲ အလုပ်သင် ဆင်းမယ်လို့ပြောပြန်ရင်လည်း...လူငယ်ဖြစ်ပြီး ဝီရိယ မရှိဘူးလို့ အပြောခံရမည်ဆိုး၍.....လွမ်းစိတ်ကို ဖြေဖျောက်ကာ ကျောင်းပြီးလို့ ဘွဲ့ရပြီးမှပဲ ဘန်ကောက်ကို ပြန်ဖို့ စီစဥ်လိုက်ရတော့သည်......

Offနဲ့ Gunတို့ကလဲ ချစ်သူဖြစ်ပြီးနောက် အရမ်းအကဲပိုကြတယ် အခုလဲ စာမေးပွဲ ပြီးတဲ့ အနေနဲ့ပတ္တရားကမ်းခြေကို အလည်သွားဖို့ စီစဥ်ထားကြတယ်.....
Gunလဲ သူနဲ့ Offပဲ သွားရင် ပြင်းစရာကောင်းမှာဆိုးလို့ အဆောင်ရောက်တော့ Kristကိုအပူကပ်တော့သည်....

Gun: Krist ငါတို့စာမေးပွဲ ပြီးတဲ့ အနေနဲ့ ကမ်းခြေသွားလည်ရအောင်..Newကိုလဲ ခေါ်ကြမယ်လေ... နော်...

Krist: အေး Newကို ဖုန်းဆက်ကြည့်အုံးမယ်...

Krist Newကို ဖုန်းခေါ်ပြီးတော့ သူတို့နဲ့ လိုက်မှာလားလို့မေးတယ်...Newကလဲ သူသွားတဲ့အချိန်နဲ့ Tayပြန်ရောက်မဲ့အချိန်နဲ့ တိုက်နေရင် Tayကို သူအရင်ဆုံးမတွေ့ရမှာစိုးလို့ မလိုက်တော့ဘူးလို့ ပြောလိုက်သည်......တကယ်တော့ သူလဲ Kristတို့နဲ့ လည်ချင်တာပေါ့.....ဒါပေမဲ့ တစ်ယောက်သောသူကြောင့် ငြင်းလိုက်ရတယ်.....

Kristလဲ Newက မလိုက်တော့ သူတစ်ယောက်ထဲ ဖြစ်နေမှာစိုးတယ် ဘာလို့ဆို Gunက သူ့ချစ်သူOffနဲ့ဆို သူ့ကို အဖက်သိပ်လုပ်တာမဟုတ်ဖူးရယ်....အဲ့တာနဲ့ သူ့ကိုကို ကိုပဲခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်.....

Krist Singဆီကို ဖုန်းခေါ်ပြီး သူတို့နဲ့လိုက်ခဲ့ဖို့ခေါ်တယ်.....Singလဲ ချစ်ရသူလေးနဲ့ သွားရမှာမို့ ချက်ချင်းခေါင်းညိတ်လိုက်တယ်.......

True Love 💙💚❤ ( Completed) Where stories live. Discover now