Part 21

346 27 0
                                    

Newနဲ့ သူ့မေမေ လေဆိပ်ရောက်တော့ New Daddyလာကြိုတာစောင့်ရင်း...New toilet သွားချင်လို့ဆိုပြီး မေမေ့ကို စောင်းခိုင်းခဲ့တယ်.....ခနကြာတော့ Daddyရောက်လာပြီး...မေမေ့ကို လာဖက်တယ်.....ဖက်ပြီးခါကျမှ သားတော်မောင်ကို သတိရပြီး Singကောလို့မေးတယ်....သူမေးလိုက်တော့ toilet ကပြန်လာတဲ့ Newက Suprise လို့ပြောပြီး သူ့Daddyကို ဖက်လိုက်တယ်.....Daddyကလဲ လေယာဥ်စီးရင် မူးတတ်လို့ ဘယ်ခရီးဝေးမှ ခေါ်လို့မရတဲ့ သားတော်မောင်က အခု အမေရိကားကို လိုက်လာတာဆိုတော့ တကယ်ပဲ Suprise ဖြစ်သွားတယ်....

Tayကတော့ Singတို့လာမှာမလို့ စောင့်နေတယ်...Sing ဖေဖေက ပြောထားတယ်....Singလာရင်...သူနဲ့ အခန်းတူတူသုံးရမှာတဲ့.....အစောက Singဖေဖေက Singတို့ ရောက်နေပြီမို့သွားကြိုမယ်လို့ပြောတယ် သူကတော့ အခန်းထဲမှာ စာဖတ်ရင်းစောင့်နေခဲ့တယ်....

Newတို့ လေယာဥ်ကွင်းကနေ Daddy Condoကိုလာခဲ့ကြတယ်.......
Condoရောက်တော့ Newက ပင်ပန်းလို့နားချင်နေပြီမို့ Daddyကို ဘယ်အခန်းမှာ သွားနားရမလဲလို့မေးတယ်.....Daddyကလဲ Tayအခန်းကို ပြပြီး အဲ့မှာ Tayနဲ့တူတူနေရမယ်လို့ပြောတယ်.....Newလဲ
Luggage ကိုဆွဲကာ Tayအခန်းရှေ့ကို သွားပြီး တံခါးခေါက်လိုက်တယ်.....

Tayတစ်ယာက် Singတို့အလာကို စာဖတ်ရင်းစောင့်နေရမှ အိပ်ပျော်သွားတယ်...အပြင်က တံခါးခေါက်တဲ့အသံတောင် မကြားတဲ့အထိပေါ့....

Newခမျာ တံခါးခေါက်တာကို လာဖွင့်မပေးတော့ စိတ်ကမရှည်တော့ဘူး...အဲ့တာနဲ့ ကိုယ်ဘာသာဖွင့်ဝင်လာလိုက်တယ်.....အခန်းထဲရောက်တော့ Tayမရှိဘူးလားဆိုပြီး ကြည့်လိုက်တော့ အကိုတော်က ကုတင်ပေါ်မှာ စာအုပ်ကလေးကို မျက်နှာပေါ်တင်ပြီး အိပ်နေရှာတယ်.....
အဲ့တာနဲ့ Newလဲ Tayအိပ်နေတဲ့ ကုတင်နားသွားလိုက်ပြီး....Tayမျက်နှာပေါ်က စာအုပ်လေးကို ညင်ညင်သာသာလေးဖယ်ပြီး ဘေးကိုချလိုက်တယ်....ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာတဲ့  Tayမျက်နှာလေးပေါ်ကို လိုက်ကလိနေတယ်.....
ကိုယ်တော်ချောက သူမျက်နှာကို ကလိနေတာတောင် တစ်စက်ကလေးမှ လှုပ်မလာဘူး...
Newလဲ စတာကို နိုးမလာတော့ ရေချိုးဖို့ ရေချိုးခန်းထဲသွားလိုက်တယ်....

Tayတစ်ယောက် ရေချိုးခန်းထဲက ရေသံကြားမှ နိုးလာတယ်.. .(ဟယ်....အဆန်းသားနော်)
Luggageကိုတွေ့တော့မှ Singရောက်နေပြီ အထင်နဲ့ ထလာပြီးရေသောက်ချင်တာနဲ့အခန်းပြင်ထွက်သွားတယ်....
Newရေချိုးပြီး ထွက်လာတော့ Tayကမရှိတော့ဘူး...luggageထဲက အဝတ်အစား1စုံထုတ်ကာ ရေချိုးခန်းထဲပြန်ဝင်သွားတယ်....Tayက တံခါးခေါက်ပြီးဝင်လာတယ်.....

True Love 💙💚❤ ( Completed) Where stories live. Discover now