part(26)

7.6K 409 61
                                    

အလုပ်နောက်ကျပြီး အသက်ခံရတော့မည်မှာ နည်းနည်းသာလိုတော့သည်။ ရှိုင်းထက်ကြောင့်သာ မဟုတ်ရင် အလုပ်ထုတ်ခံရနိုင်သည်။

ယခုတွင်တော့ ကလေးလေးနှင့် ချိန်းထားသော နေရာကို သွားဖို့ ဟန်ပြင်နေသည်။ အလုပ်လဲ ဆင်းပြီဆိုတော့ကား။

အပြေးအလွှားနှင့် အချိန်မှီအောင် သွားရသည်။

"စောင့်နေတာကြာသွားပြီလား။ ကိုယ်တောင်းပန်ပါတယ်"

"ပြန်ဖြေရှင်းပေးပါ။ ခင်ဗျားနဲ့ ကျနော် ဘာမှမဆိုင်တာကို"

"အရင်က ဟုတ်ခဲ့တယ်လေ ကလေးရယ်"

"မခေါ်နဲ့။ ကျနော်တို့က ပတ်သက်မှုမရှိတော့ဘူးဆိုတာ ခင်ဗျားသိနေတယ် ။ ပြန်ဖြေရှင်းပေးပါ"

"ကိုယ် ဘာထပ်လုပ်မိလို့လဲ မနေ့ကတောင် ကိုယ်တို့.."

နေမင်းခ နားမလည်ပေ။ မနေ့တုံးက သူနမ်းတော့ မရုန်းပဲ ယခု အရင်လိုပင် အပေါက်ကဆိုးလာပြန်သည်။

"မနေ့ကတွက် တောင်းပန်ပါတယ် ။ မေ့ပစ်လိုက်ပါ။ ပြီးတော့ အားလုံးကို ပြန်ဖြေရှင်းပေးပါ"

"ရဲရင့် မင်းတကယ် ကိုယ့်ကို မချစ်ခဲ့ဘူးလား? မဟုတ်ရင် မချစ်တော့တာလား"

သူထိုအဖြေကို သိချင်၍ မေးလိုက်ခြင်းဖြစ်သည်။ သူ လက်လွှတ်ခံမည်မဟုတ်။ ချစ်ခဲ့သည်ဖြစ်စေ မချစ်သည်ဖြစ်စေ သူ့ကို ချစ်လာအောင် သူကြိုးစားမည်။

ရဲရင့်က သူ့ကို အမြင်ကြည်အောင် သူကြိုးစားမည်။

"ပြန်ဖြေရှင်းပေးပါ ။ ခွင့်ပြုပါအုံး"

မေးတာမဖြေပဲ ပြောချင်တာပဲ ပြောပြီး ထွက်သွားတဲ့ ရဲရင့်ကို နေမင်းခ ကြည့်နေခဲ့ရင်း ကျန်ခဲ့တော့သည် ။

သတင်းကောင်းက သူ့ကို ချစ်နေသေးသည် ဘာကြောင့်လဲဆိုတော့ သူမေးသည့် မေးခွန်းကို ဖြေမသွားဘဲ ထွက်သွား၍ ဖြစ်သည်။

သတင်းဆိုးက သူ့ကို လုံးဝ အဖက်မလုပ်ပေ။

"ငါ့ကို သူမုန်းနေတုံးပဲလား?? ခွင့်မလွှတ်နိုင်ဘူး ထင်တယ်"

>>>>>>>>>>>>>>>>>

"ကလေး ပင်ပန်းနေပြီလား?"

My cute Babe 💘 (Complete)Where stories live. Discover now