လအနည်းငယ်ကြာသော်~~~
"ရဲရင့်"
"ဗျာ" အိပ်ချင်မူးတူး အသံဖြင့်
"ဗျာတဲ့ ဟဟ အေးပါကွာ ငိုက်မနေနဲ့ ကျောင်းမှာဟ"
"အင်းပါ ငါမငိုက်ပါဘူး"
"မအိပ်ငိုက်လို့တော်တော့တာပဲ ငိုက်များငိုရင်တော့"
သူကျောင်းကရာက်နေသည်ကိုတောင်သတိမရ။ ဂိမ်းအဆော့လွန်ပြီး အိပ်တာနောက်ကျသွား၍ ဖြစ်သည်
"မင်းကလဲကွာ"
ထိုစဉ် အဟမ်း အဟင်း (ဆရာမ ချောင်းဟန့်သံ)
"ဟျောင့် စကားမပြောနဲ့တော့ ရှူး!"
အင်း မုန့်စားဆင်းရင် သင်္ဘောသီးထောင်းလေးစားအုံးမှပါ ခန နေပါအုံး ဆေးထိုးရမယ် ဟိုကောင်တွေကို တွေ.ကြသေးတာပေါ့ကွာ
အယုတ်တမာအပြုံးကို မျက်နှာမှာပန်ဆင်လျက်
>>>>>>>>>>>>>>>>>
"ဦးလေး ကျနော်ကိုသင်္ဘောသီးထောင်း၂ပွဲပေးပါ"
"စပ်မှာလား"
"ဟုတ် တပွဲက ငရုပ်သီးတစ်တောင့်ပဲထည့်မှာ တစ်ပွဲက ၁၀တောင့်လောက်"
ရဲရင့်ပြောလိုက်တာကို ဈေးသည် ဦးလေးကြီးတောင် လန့်သွားသည်
"ဟာ စားနိုင်ပါ့မလားကွ"
"ကျနော့် သူငယ်ချင်းတွေ မှာလိုက်လို့ပါ"
"အေးအေး သတိထား စားကြအုံး"
ပျော်ရွှင်စွာ အခန်းထဲ ဝင်ခဲ့လိုက်တယ်။ တွေ့လိုက်ပါပြီ ဘာစားရမလဲပဲ မျှော်နေတဲ့ကောင်တွေကို
"ရော့ မင်းတို့အတွက် ရဲသွေး လာခဲ့ ငါနဲ့လာစားခဲ့"
စပ်ဖြီးဖြီးနှင့်လာသော အမောင် ရဲသွေး
"ဒီနေ့မှ သဘောတွေကောင်းနေတာပါလား ငါ့ကို မင်းနဲ့ လာစားခိုင်းတယ်ဆိုတော့"
"မင်းစောင့်ကြည့်ထားပါ" အယုတ်တမာအပြုံးနဲ့ ရဲရင့်
"မင်း မွှေလိုက်ပြန်ပြီလား"
"ဒါပေါ့ အမြဲ ငါ့ဆီက ပဲ စားနေတာ စောက်မြင်ကပ်လို့"
"အေး ကောင်းရော"