တညတာ ဖြတ်သန်းခဲ့ရတာဟာ မလွယ်ကူပေ။
တညလုံး အိပ်မပျော်ခဲ့ပေ။ ဘယ်သူက ဒီလိုအချိန် အိပ်နိုင်နေမလဲ မဟုတ်ဘူးလား?
အိမ်အောက်လဲ မဆင်းချင်။ အိပ်ရာထဲက နေပါမထချင်ပေ။ စားချင်စိတ်လဲမရှိ။
သူရော ငါ့ကိုမလွမ်းဘူးလား? ဘာလို့ ms တစ်စောင်တောင် မပို့တာလဲ ။ ဖုန်းလဲမခေါ်ဘူး?
ဘာလို့လဲကွာ? သူငါ့ကို မချစ်ဘူး ။အချိန်ကို ကြည့်လိုက်တာ 9:00 am
ဟင့်အင်း မထချင်ဘူး သူ့ကို လွမ်းတယ်
ဒေါက်!ဒေါက်!
"ရဲရင့် ငါပါ တံခါးလာဖွင့်ပေးပါအုံး"
"အွန်း လာပြီ ရဲသွေး"
ရဲသွေးက မနက်စာအဆင့်သင့် ယူလာပေးတယ်။
"မင်း အမေပို့ခိုင်းလိုက်တာ ။ အဲ့လို မနေစမ်းပါနဲ့ကွာ မင်းက ဒီလောက်အသဲမာတာကို"
"တော်စမ်းပါကွာ။ မင်း ခံစားဖူးမှ သိလိမ့်မယ် ဟျောင့်!"
အတင်းအော်လိုက်တာမို့ ရဲသွေး လန့်သွားသည်။ လခွမ်း ဖြည်းဖြည်းအော်ပါဟ
"အေးပါကွာ ရည်းစားရှိတဲ့လူတွေက သာတာပေါ့"
"ဒါနဲ့ နေပါအုံး မင်းဘာလို့ ငါတို့အကြောင်းကိုပြောတာလဲ ။ ငါရှိနေတဲ့ နေရာကိုရော"
"ငါမပြောဘူး မင်းအမေက သိသွားတာလေ ဘယ့်နှယ် စာအုပ်ကို ဖွက်ထားမယ်မရှိ"
"စာအုပ်? အာ ဟုတ်သား ငါသိမ်းဖို့မေ့သွားတယ်"
"သေချာလုပ်မှပေါ့ ငါလဲ မသက်သာတော့တာနဲ့ အကိုနေမင်းခ အိမ်ကို ပြောပြလိုက်ရတော့တာပေါ့ဟ "
"အေးပါကွာ သိမဲ့ကံပါလို့ပဲ မှတ်ရမှာပေါ့"
"ခဏနေပါအုံး သူမင်းကို မဆက်သွယ်ဘူးလား?"
ရဲရင့်က စိတ်ပျက်တဲ့ အမူအရာနဲ့
"မခေါ်ဘူး ။ သူတကယ် ငါနဲ့ မပတ်သက်ပဲ ငါ့ကို ဖျက်လိုက်ပြီထင်တယ်" (မျက်ရည်များ ဝဲနေရင်းနဲ့ပြောနေ)"မနေ့က သူပြောတာ လိမ်နေတာမဟုတ်ဘူးပေါ့"
"ဟုတ်တယ်ထင်တယ်ဟ "