တစ်ခါတလေတော့လဲ ဘဝဆိုသည် ခက်ခဲလှသည်မလား အဆင်ပြေနေသည်ဆိုတာ မရှိ
ထိုသည်မှာ ဓမ္မတာ သာဖြစ်သည်
ထို့ကြောင့် နေမင်းခတို့မှာလဲ အမြဲအဆင်ပြေနေမည်မဟုတ်ပေ။
နေမင်းခနှင့် ရဲရင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိသည်
ဖြစ်လာသည့် ပြဿနာများမှာ ရှောင်လွဲလို့မရပေ
"ကလေး ဘာမှမဖြစ်ဘူးနော် မကြောက်နဲ့ ကိုယ်ကလေးဘက်မှာ ရှိနေမှာမို့"
"ဟုတ်"
နေမင်းခ စိတ်ပူမိသည် ။ အခုက ကလေးက သတိရကာစပဲ ရှိသေးသည်မဟုတ်လား ။ ဖြစ်ခဲ့သည်ကိုတော့ သူလဲ ရှောင်လွဲ၍မရ။
အောက်ထပ်ကိုဆင်းတော့ သူတို့ တွေ့လိုက်ရတာက ရဲရင့်အမေ ရဲသွေးအမေ နဲ့ ရဲသွေး ရှိုင်းထက်ပိုင် တို့ကို ပါ
"ရဲရင့် ဒီကို လာစမ်း!"
ရဲရင့် လန့်သွားပြီး နေမင်းခကို ဖက်လိုက်တယ်
ရဲရင့်မှာ ငယ်လွန်းနေသည်ဆိုတာ မှန်သည် ထို့နောက်တခါတရံတွင်တော့ ကလေးလေးလိုပင်ဖြစ်သည် ။ 16 17အရွယ်ဆိုသည်မှာလဲ ဘယ်လိုပဲဆိုဆို ငယ်သည်ဟု ပြောနိုင်သည်လေ
"နင် ငါ့ကို စိတ်တိုအောင် ထပ်လုပ်နေတာလား
ရဲရင့်!"ရဲရင့် အားကိုးတကြီး နဲ့ နေမင်းခကို မော့၍ကြည့်လိုက်သည်
"ဘာမှမဖြစ်ဘူး သွားလိုက်နော် "
ရဲရင့်မှာ နေမင်းခကို လှည့်ကြည့်လှည့်နဲ့ သူ့အမေဘေးမှာ သွား၍ ထိုင်ရှာသည်။
ရဲသွေးမှာ သူ့ သူငယ်ချင်ကြည့်ကာ စိတ်မကောင်းပေ။သူ့ သူငယ်ချင်းကို ဒီလို ကလေးဆန်ပြီး ဒီလို ဖြစ်တာ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်
"ရဲရင့် နင်ဒါ ဘယ်လိုလုပ်လိုက်တာလဲ "
ရဲရင့်မှာ ဘာမှမပြောနိုင်ရှာပေ။
"အန်တီ စိတ်လျော့ပါ ကျနော်တို့ ပြေပြေလည်လည်ဖြေရှင်းကြတာ ကောင်းမယ်ဗျ"
"ငါပြောမယ် ငါ ငါ့သားနဲ့ လုံးဝမသဘောမတူနိုင်ဘူး အခုမှ ငယ်ပြီး အသက်တောက်မပြည့်သေးတဲ့ ကလေးကို မင်းမို့လို့ မင်းမှာ အဲ့လောက်တွဲစရာ ကောင်မလေး ရှားနေတာလား "