"ကလေး ဒီနေ့ ကိုကို သွားစရာရှိတယ် ။ အဲ့တာ အလုပ်တွေ လုပ်ထားနော်"
"ဘယ်သွားမလို့လဲ"
"အလုပ်ကိစ္စနဲ့လူတွေ့စရာရှိလို့ ကလေးရဲ့"
"စောစောပြန်လာ ထမင်းစားဖို့ စောင့်နေမယ်"
"အင်းး အလုပ်ပင်ပန်းရင် အိပ်နေနော် "
မင်းခန့်သွားသွားပြီးနောက် ရဲသွေးထပ်ပြီး အမေဆူခံရမှာစိုး၍ ဒီတစ်ခါတွင်တော့ ရဲသွေး အလုပ်ကောင်းကောင်းလုပ်နေလေရဲ့
*ငါထပ်အဆူမခံရအောင် အလုပ်နည်းနည်းလောက်တော့ လုပ်ရမယ်*
အချိန်တော်တော်ကြာထိ အလုပ်များကို တစ်ယောက်ထဲ လုပ်နေခဲ့သည်။ ပြီးတော့ မင်းခန့်ကလဲ ထွက်သွားသည်မှာ ကြာလှချေပြီ
မနက်ကတည်းက ထွက်သွားတာ ယခု နေ့လည်တောင်ရောက်နေပြီ (အတွဲတွေက ပိုတယ်)
"တွေ့တာ အဲ့လောက်ကြာလား 2နာရီဆိုရင်တောင် လွန်နေပြီ ။ ဘာတွေများ ပြောနေတာပါလိမ့်"
စိတ်က သူ့ချစ်ချစ်ကြီးဆီပဲ ရောက်နေပါ၏ ။ သာမန်ဆို တွေ့လျှင် တစ်နာရီလောက်ပဲ ကြာပြီး ပြန်လာသည်။
ယခု နေ့လည်စာစားချိန်ရောက်နေချေပြီ ။ နေ့လည်စာစားဖို့ စောင့်နေသော်လည်း ပေါ်မလာပေ
"သူမဟုတ်တာတွေများ လုပ်နေတာလား မသိဘူး ။ အေး အဲ့လိုဆိုရင် ငါနဲ့တွေ့မယ်"
နာရီတစ်ချက်ကြည့်လိုက်တော့ ထမင်းစားချိန်ရောက်သွားချေပြီ။
"ခဏနားပြီးး ဒီဟာတွေ လက်စသတ်ရမယ်"
နားချိန်ဖြစ်လို့ အလုပ်များကို ထားခဲ့ပြီး သန့်စင်ခန်းဘက် လာခဲ့တော့တယ်
"ဟဲ့ နင်ပြောတာ တကယ်လား? သူဌေးက တကယ်ပဲ ကောင်မလေးနဲ့ ထွက်သွားလား?"
"အေးဆို ဒါနဲ့ ဟိုကောင်လေးမသိစေနဲ့အုံး။ hotelထဲကို ဝင်သွားတာ တွေ့လိုက်တယ်တဲ့"
".###.(hotel name) အဲ့ဒီကိုဟ"
"တကယ်လား? ဟယ် သူဌေးက ဘယ်လိုကြီးလဲဟာ"
ရဲသွေးအကွယ်ကနေ နားထောင်ပြီး ဒေါသတွေ ထွက်လာတော့တယ်။
ဒေါသက ငယ်ထိပ်ဆီသို့