My Dearest

1.3K 121 20
                                    

(ZawGyi Ver)

မြူ နှင်း​တွေပြည့်​​နေတဲ့လမ်းမ​ထက်​မှာ
ပျော်​ရွှင်​စွာကစား​နေတဲ့က​လေး​လေး​တွေ
တစ်​​ယောက်​နဲ့တစ်​​ယောက်​နှင်း​​တွေဖြင့်
ထုလိုက်​ပြေးလိုက်​နဲ့​ဆောင်း​တွင်းရဲ့
တိတ်​ဆိတ်​မှုကိုဖြိုခွင်းလိုက်​သလိုပင်​...။ ။
တစ်​ချိန်​ကသူလဲအဲ့က​လေး​လေး​တွေလို
ပျော်​ဖူးခဲ့ပင်​မဲ့အခု​တော့Wheel chair​ပေါ်က
မလှုပ်​ရှားနိုင်​​တော့သည့်​​ခြေ​ထောက်​တို့ကို
ကြည့်​ရင်းKyungsooမျက်​ရည်​​တွေ
စီးကျလာသည်​။ ။

လှိုက်​ကာကိုဆွဲပိတ်​လိုက်​ပြီးရှိသမျှအားယူကာ
ထဖို့လုပ်​​​နေတုန်း​ခြေ​​ထောက်​က​ပျော့​ခွေသွား
တာ​ကြောင့်​တစ်​လှမ်း​တောင်​မလှမ်းရ​သေးခင်
ကြမ်းပြင်​​ပေါ်သို့လဲကျသွားတယ်​။ ။

Hk...ဒါဘယ်​နှစ်​ကြိမ်​​မြောက်​ရှိပြီလဲ?

ကိုယ့်​ကိုကိုယ်​​လှောင်​ရယ်​လိုက်​ရင်း
ဘေးနားရှိပန်းအိုးကိုနံရံ​ပေါ်ပစ်​​ပေါက်
လိုက်​သည်​။

"ဒီ​နေ့ထမင်းမစားဘူးဆို!!
Do kyungsoo!!"

အ​နောက်​ဘက်​မှထွက်​လာသည့်
အသံသြရှရှနဲ့အတူသူကကျွန်​​တော့်​ကို
ပွေ့ပြီးကုတင်​​ပေါ်တင်​​ပေးသည်​။ ပြီးမှ
နက်​ပြာ​ရောင်​​ကျောင်းဝတ်​စုံကိုချွတ်​လိုက်​ပြီး
အောက်​တွင်​ပြန့်​ကျဲ​နေသည့်​ဖန်​ကွဲစတို့ကို
သိမ်းဆည်းကာ​​စိမ်းဝါ​ရောင်​Four leaf
clover​လေးကိုထည့်​လိုက်​တယ်​။ ။

"​မောင်​​မေး​နေတာ​ဖြေ​လေ
ဘာလို့ထမင်းသွားမစားတာလဲ"

လေသံ​အေး​အေးနဲ့​ပြော​နေ​သော်​လည်း
မျက်​ဝန်းညိုညို​တို့ကမူ​ဒေါသရိပ်​တို့ဖြင့်
ကြည့်​​နေတာမလို့​​​စောင်​​ကိုတင်းကြပ်​စွာ
ဆုပ်​ကိုင်​လိုက်​သည်​။

"ငါဘာသာငါစားချင်​တဲ့အချိန်​စားမှာ​ပေါ့!!
အဲဒါအထိမင်းကချုပ်​ခြယ်​​ချင်​တာလား
Kim Kai!!"

"အလိုလိုက်​​တာကြာ​တော့​​မောင့်
အ​ကြောင်းမသိ​တော့ဘူးနဲ့တူတယ်​!!
နည်းနည်းပါးပါးသတိပြန်​ဝင်​​အောင်
အရင်​လိုပြန်​လုပ်​ပြမှထင်​တယ်​"

Dearest He S2(Kaisoo Yaoi)Where stories live. Discover now