Home

324 66 17
                                    

(ZawGyi Ver)

"​မောင်​​စောင့်​​နေတာတစ်​နာရီ​လောက်​ရှိပြီ
အခုထိမပြီး​သေးဘူးလား..."

ခပ်​စူးစူးအသံနှင့်​​အတူ​ဘေးကို​ရောက်​လာပြီး
လက်​ထဲမှအိတ်​ကိုလုယူသွားတာ​ကြောင့်
Kyungsooတားချိန်​မရလိုက်​။ ။ မနက်​မှ
ခရီးသွားဖို့ဗြုန်းဆိုင်းထ​ပြောတာမလို့
လိုအပ်​တာ​လေး​တွေ ထည့်​​နေတာကို
ခဏ​လေး​တောင်​မစောင့်​နိုင်​။ ။ ပြန်​​ပြောရင်​လဲ
သူက​စောင့်​ရတာဝါသနာမပါဘူး​ဆိုပြီးလူကို
ခပ်​ရွဲ့ရွဲ့ပြန်​​ပြောဦးမည်​။ ။

သူ့အတွက်​​တော့ခရီးသွားတာဘာမှမဟုတ်​ပင်မဲ့
Kyungsooအတွက်​​တော့​​ခြေ​ထောက်​ထိခိုက်
ပြီးမှဒီလိုခရီးသွားတာပထမဦးဆုံးမလို့
လမ်းခရီးမှာတစ်​ခုခုအဆင်​မ​ပြေမှာဆိုး၏။ ။
ဦးကြီးကလဲKyungsooကိုစိတ်​ပူလို့ထင်
မသွား​ခိုင်း​စေချင်။ သို့ပင်​မဲ့လဲKim Kaiကို
ကြောက်​တာ​ကြောင့်​​ပြောလဲမ​ပြောရဲနဲ့
Kyungsooကိုသာအစစအရာရာဂရုစိုက်​ဖို့
တဖ​ြဖြမွာ​ေ​န၏။ ။

"ပြန်​လာရင်​ဦးကြီးအတွက်​မုန့်​ဝယ်​ခဲ့မယ်
ဘာမှစိတ်​မပူနဲ့"

"ဦးကြီးအတွက်​ဘာမှမလိုဘူး...
Kyungsoo​လေးသာ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့
ခရီးသွားခဲ့...​နေ​မ​ကောင်းလဲမဖြစ်​​စေနဲ့...
နွေး​နွေး​ထွေး​ထွေး​နေ​..."

Kyungsoo​ခေါင်းငြိမ့်​ပြလိုက်​ပြီး
ဝှီးချဲကိုတွန်းကာKaiဆီသွား​တော့သူက
လက်​ထဲကBlueကိုမျက်​​မှောင်​ကြုတ်​ကာ
ကြည့်​၏။ ။

"ခရီး​လေးတစ်​ခါသွားတာမသိရင်
အိမ်​​ပြောင်းတာကျ​နေတာပဲအကုန်​လုံးကို
ခေါ်လာတယ်​"

"သူလဲ​လှောင်​အိမ်​​ထဲမှာ​နေတာကြာ​တော့
မွန်းကြပ်​​နေမှာ​ပေါ့"

အဲ့​တော့မှလက်​ထဲက​Blueကိုယူကာ
ကား​နောက်​ခန်းထဲထည့်​သည်​။ Luckyက​တော့
ဘယ်​​လောက်​​တောင်​လိုက်​ချင်​​နေလဲမသိ
သူ့ကိုမ​ခေါ်မှာဆိုး၍မနက်​ကတည်းက
ကားထဲဝင်​ထိုင်​ကာ​နေရာဦးထားသည်​။

Kyungsooကား​ပေါ်တက်​ဖို့
လုပ်​​တော့Kim Kaiက​​ပြေးလာကာ
လှမ်း​ပွေ့လိုက်​တာ​ကြောင့်​သူ့လည်​ပင်းကို
ခပ်​တင်းတင်းဆုပ်​ကိုင်​ထားလိုက်​သည်​။

Dearest He S2(Kaisoo Yaoi)Where stories live. Discover now