Old Cassette

365 67 47
                                    

(ZawGyi Ver)

"ဖွားကလဲဘာလို့ဟင်း​တွေအများကြီး
ချက်​တားတာလဲ...ကျ​နော်​တို့က...
နှစ်​​ယောက်​တည်းကို"

"​တစ်​ခါတစ်​​လေအလည်​လာတုန်း
မြေးကြိုက်​တာ​ချက်​​ကျွေးရမှာပေါ့
ဒါဖွားအတွက်​အပန်းမကြီးပါဘူး...
ဟင်း​တွေ​အေးကုန်​​တော့မယ်​ကွယ်
စားကြ​တော့...ဖွားလဲလုပ်​စရာရှိတာ​​တွေ
သွားလုပ်​လိုက်​ဦးမယ်​"

ဖွားထွက်​သွား​တော့မှKaiကထမင်း​ခူးပြီး
Kyungsoo​ဘေးတွင်​လာထိုင်​ကာ
ဟင်း​တွေထည့်​​ပေး​နေတာ​ကြောင့်
မော့ကြည့်​လိုက်​​တော့​ပါးချိုင့်​တု​လေး
ပေါ်သည်​အထိရယ်​ပြသည်​။

"ခင်​ဗျားကပုစွန်​ကြိုက်​တယ်​မလား
များများစား..."

Kyungsoo​ဘာမှမ​ပြောပဲ
ဆက်​စား​နေလိုက်​​တော့ပန်းကန်​ထဲကို
ဟင်း​တွေထပ်​ထည့်​​ပေး​နေပြန်​၏။ ။

"မောင်​ငါးနွှာ​ပေးရဦးမလား"

"​ရတယ်​...ငါဘာသာလုပ်​လိုက်​မယ်​"

"​ဒီပင်​လယ်​ငါး​တွေကအရိုးများတယ်
မောင့်​က​လေး​လေးအရိုးဆူးသွားဦးမယ်​"

အဟွတ်​~~~

သူ​ပြောတဲ့စကား​ကြောင့်​ထမင်းစားရင်း
သီးသွား​သဖြင့်​​ရေအမြန်​​သောက်​ချလိုက်
ရသည်​။ ။ ဒီ​နေ့မှလူကိုအစစအရာအရာ
လာဂရုစိုက်ပြ​နေတာKim Kaiအစစ်​မှ
ဟုတ်​ရဲ့လား? ဟိုအရင်​ကKim Kaiဆို
Kyungsooကိုဟင်းထည့်​​ပေးဖို့မ​ပြောနဲ့
ထမင်းမစားချင်​ဘူး​ပြောမိတာနဲ့စားပွဲဝိုင်းကို
ဆွဲ​မှောက်​တက်​တဲ့လူမျိုး...။ ။

အခု​တော့မလုပ်​စဖူးအလုပ်​​တွေလုပ်​လိုက်
မ​ပြောစဖူး​တွေ​ပြောလိုက်​နဲ့ဘာဖြစ်​​နေမှန်းမသိ။
Kyungsooသူ့ကိုကြည့်​လိုက်​​တော့
သူကဘာလဲဆိုပြီး​မေးဆတ်​ပြသည်​။

"ငါကိုပဲဟင်း​တွေအကုန်​ထည့်​ပေးမ​နေနဲ့...
ဖွားကမင်းကြိုက်​တာ​တွေချက်​ထားတာကို
ကိုယ့်​ဘာသာကိုယ်​လဲထည့်​စားဦး..."

"​ခင်​ဗျားထည့်​​ပေး"

ထမင်းပန်းကန်​ကိုင်​ကာ​​​တိုးလာတာ​ကြောင့်
Kyungsooဟင်းတစ်​မျိုးစီထည့်​​ပေးလိုက်
သည်​။ Kyungsooမထည့်​​​မပေးခြင်း
သူကစားမှာမဟုတ်​။ သူဘာသာသူမစားလဲ
ဘာမှမဖြစ်​ပင်​မဲ့စား​နေတဲ့Kyungsooကို
မျက်​​တောင်​မခတ်​တမ်းလိုက်​ကြည့်​​နေတာ​ကြောင့်
ထမင်း​တောင်​​ကောင်း​ကောင်းမဝင်​​တော့သဖြင့်
နောက်​ဆုံးသူ့စိတ်​ကြိုက်​လုပ်​​ပေးလိုက်​​ရသည်​။

Dearest He S2(Kaisoo Yaoi)Where stories live. Discover now