Stay with me

326 64 28
                                    

(ZawGyi Ver)

"အရင်​ဘဝက​ရေစက်​ရှိလို့ဒီဘဝမှာ
ဆုံရတာလို့လူ​တွေက​ပြောကြတယ်​"

စိမ်းဝါ​ရောင်​Four leaf Clover​လေးကို
ကြည့်​ရင်းKyungsoo​ပြော​တော့Kaiက
တစ်ချက်​​​လှည့်​ကြည့်​ပြီးတိမ်​​တွေအုံဆိုင်း​နေတဲ့
ကောင်းကင်​ဆီသို့ပြန်​အကြည့်​လွှဲသွားသည်​။
လယ်​ကွင်း​ထဲမှာလှဲ​နေတာ​ကြောင့်​Kaiရဲ့ဆံပင်​မှာ
သစ်​ရွက်​တချို့ကပ်​ညိ​နေပြီးShirtအဖြူ ကလဲ
မြေကြီး​တွေနဲ့ညစ်​ပတ်​​နေ၏။ ။ Kyungsoo
ဒူးနှစ်​ဖက်​ကို​ပိုက်​လျက်​ထိုင်​​နေရာမှသူလို
မြေကြီး​ပေါ်တွင်​လှဲဖို့လုပ်​​တော့​ခေါင်း​အောက်​တွင်
ရောက်​လာသည့်​လက်​​မောင်းတစ်​ဖက်​...။ ။

"ခင်​ဗျားအင်္ကျီ​တွေ​ပေကုန်​လိမ့်​မယ်
မောင့်​​ပေါ်လှဲ​နေ"

သူက​ပြောပြီးKyungsooကိုရင်​ခွင်​ထဲ
ဆွဲဖက်​ကာ​ကျော​အောက်​တွင်​သူ့အင်္ကျီအဖြူ ကို
ခင်း​ပေးသဖြင့်​သူရဲ့အောက်​တွင်​စွတ်​ကျယ်သာ
ကျန်​​တော့တာ​ကြောင့်​ကျစ်​လစ်​​နေတဲ့ခန္ဓာကိုယ်​ကို
အတိုင်းသားမြင်​ရ၏။ ။

"​မင်း​ရောအရင်​ဘဝရှိတယ်​ဆိုတာ
ယုံလားKai...အကယ်​၍အရင်​ဘဝသာ
တစ်​ကယ်​ရှိခဲ့ရင်​ငါတို့လဲဘယ်​လိုမျိုး
တွေ့ခဲ့ကြလဲမသိဘူး"

"အရင်​ဘဝက​ခင်​ဗျားကပင်​ကွင်း​လေးဖြစ်​ပြီး
မောင်​ကခင်​ဗျားကိုစားဖို့လာ​လာ​ချောင်း​နေတဲ့
ဝက်​ဝံကြီးဖြစ်​မှာ​ပေါ့"

ခန္ဓာကိုယ်​နဲ့မလိုက်​စွာKyungsooကို
အတင်းပွတ်​သပ်​ကာချွဲ​နေသည့်​Kim Kai
ကိုယ်​ကြီးကိုရိုက်​လိုက်​​တော့တဟားဟားဖြင့်
အော်​ရယ်​​နေသည်​။ အဲဒါ​တွေမကြိုက်​တာ ။
အ​ကောင်း​ပြော​နေရင်​သူက​ပေါက်​တက်​ကရ
တွေ​လျှောက်​​ပြော၏။ ။ ဒီလိုရွှတ်​​နောက်​​နောက်
ကောင်​​လေးကတစ်​ခါတစ်​​လေကျရင်​လဲ
သူမဟုတ်​သလို​အေးစက်​တက်ပြန်​၏။ ။

သူ့မှာKyungsooမသိ​သေးတဲ့
မျက်​နှာဖုံး​တွေဘယ်​နှစ်​မျိုး​လောက်
ရှိ​နေလဲမသိ...။ ။ အနီးဆုံးမှာရှိ​နေပင်​မဲ့
တံတိုင်းအထပ်​ထပ်​နဲ့ကာထားသလို
ခံစားရသည်​။

Dearest He S2(Kaisoo Yaoi)Where stories live. Discover now