Chocolate Cosmos

524 85 9
                                    

(ZawGyi Ver)

လမ်းတစ်​​လျှောက်​မှာမြင်​ရတဲ့
ကျောင်းဝတ်​စုံနဲ့က​လေး​တွေ...
အလုပ်​ကြိုးစား​နေကြတဲ့ဝန်​ထမ်း​တွေ...
ရောင်​စုံပန်းခင်း​​တွေကKyungsooအတွက်
ပန်းချီကားတစ်​ချပ်​လိုတန်​ဖိုးရှိလွန်းတာမလို့
ပြတင်း​ပေါက်​ကိုဖွင့်​ကာ​မျက်​စိတစ်​ဆုံး
ကြည့်​​နေမိသည်​။ ။

ခဏ​လောက်​ပဲဖြစ်​ဖြစ်​သူကမသန်​မစွမ်း
တစ်​​ယောက်​ဆိုတာ​မေ့ပြီး​​လောကကြီးထဲမှာ
လွတ်​လပ်​စွာ​ပျံသန်းလိုက်​ချင်​တယ်​။ ။

ပူပင်​​သောက​တွေ... အမုန်းတရား​တွေ
အားလုံးဒီ​လေ​ပြေနဲ့အတူပါသွားပြီး
သိပ်​လှခဲ့တဲ့အတိတ်​​တွေဆီအချိန်​ထားနဲ့
ပြန်​သွားချင်​သည်​။ ။

ငယ်​စဉ်​က​ဖေ​ဖေ့​ကျောပြင်​ကိုဖက်​တွယ်​ပြီး
ဆင်​စီးတိုင်းကစားခဲ့သည်​ကိုသတိရသည်​။
အ​ကြောင်းအမျိုးမျိုး​ကြောင့်​ငိုရိုက်​မိတိုင်း
နှစ်​သိမ့်​​ပေးတက်​တဲ့​မေ​မေ့ရင်​ခွင်​ကို
လွမ်းသည်​။ ။

အ​တွေး​တွေနဲ့အတူ​အောင့်​တက်​လာတဲ့
ဘယ်​ဘက်​ရင်​အုံကိုဖိ​လိုက်​​တော
့ချက်​ချင်းဆိုသလို​ထွေး​ပွေ့လာသည့်
လက်​တစ်​စုံ...။ ။ 

"​နေမ​ကောင်းဘူးလား
Do kyungsoo"

အခုချိန်​မှာစကား​လေးတစ်​ခွန်း​တောင်
ပြန်​​ပြောလိုက်​ရင်​ထိန်းထားတဲ့မျက်​ရည်​​တွေ
စီးကျလာမှာဆိုး၍​ပြတင်း​ပေါက်​ဆီသို့သာ
မျက်​နှာမူထား​တော့သူက​ပေါင်​​ပေါ်သို့
လှဲအိပ်​လာသည်​။

"​စား​သောက်​ဆိုင်​မ​ရောက်​ခင်​အထိ
ခင်​ဗျား​ပေါင်​​ကိုခဏငှါးအိပ်​မယ်​"

ပြောပြီးမျက်​ဝန်းညိုညိုတို့ကပိတ်​ချသွား
သည်​။ ခဏကြာ​တော့တစ်​ကယ်​အိပ်​​ပျော်
သွားတယ်​ထင်​ခန္ဓာကိုယ်​က​ဘေး​စောင်းကျလာ
၍မပြုတ်​ကျ​အောင်​အမြန်​လက်​နဲ့ထိန်းလိုက်​ရ၏။
။ ​ဒီအရပ်​အ​မောင်းကြီးနဲ့ဘယ်​လို​တောင်
ကားထဲမှာ​ကွေး​ကွေး​လေးအိပ်​​နေလဲမသိဘူး ။ 
စောနကဝမ်းနည်းသည့်​စိတ်​​တွေ​တောင်​သူ​ကြောင့်
ပျောက်​သွားပြီးမျက်​နှာ​ပေါ်မှာခပ်​ဝဲဝဲကျ​နေတဲ့
စိမ်းပြာ​ရောင်​ဆံပင်​တို့ကိုလက်​ဖြင့်​အသာ
သပ်​တင်​​​ပေးလိုက်​​တော့~~~

Dearest He S2(Kaisoo Yaoi)Where stories live. Discover now