Heartwarming

450 72 18
                                    

(ZawGyi Ver)

"​မောင်​ခင်​ဗျားကိုအရမ်းလွမ်း​နေတာ
သိရဲ့လားDo kyungsoo"

တင်းကြပ်​စွာ​ပွေ့ဖက်​လာတဲ့Kai​ကြောင့်
Kyungsooအသက်​ရှု​ကြပ်​မတက်
ဖြစ်​​နေ​သော်​လည်း ခါတိုင်းလို
ချုပ်​​​နှောင်​ခြင်းမပါပဲ ​နွေး​ထွေးသည့်
အထိအ​တွေ့အ​ကြောင့်​မရုန်း​တော့ပဲ
သူ့ရင်​ခွင်​ထဲမှာငြိမ်​​နေမိသည်​။ ။

အ​တော်​အတန်​ကြာမှဖက်​ထားတာ
လွှတ်​​​ပေးသဖြင့်​သူ့မျက်​နှာ​ချော​ချောကို
မော့ကြည့်​လိုက်တယ်​။ ။

ဒီမျက်​ဝန်းညိုညို​တွေ...
အရိုင်းဆန်​ဆန်​အကြည့်​​တွေ...
ဂျစ်​ကန်​ကန်​အပြုအမှု​တွေအားလုံးကို
ကျွန်​​တော်​လဲ​​ပြောပြမတက်​​အောင်
လွမ်း​နေခဲ့တာကို​တော့ဝန်​ခံပါသည်​။

ဘယ်​​လောက်​ပဲသူ့ကိုမုန်းတယ်​လို့
ပြော​ပြောနှစ်​အကြာကြီးအတူ​နေလာ
ခဲ့တာမလို့သူမရှိ​တော့လစ်​ဟာ​နေသည့်
ခံစားချက်​ကြီးကိုကျွန်​​တော်​မကြိုက်​ပါ။ ။

"​မောင်​အဝတ်​စားသွားလဲလိုက်​ဦးမယ်​"

သူက​ကျွန်​​တော့်​ကိုကုတင်​​ပေါ်
တင်​​ပေးကာထွက်​သွားတာ​ကြောင့်
ကျွန်​​တော်​​ဘေးနားကဝှီးချဲ​ပေါ်တက်
လိုက်​ရင်းသူပြန်​လာရင်​ဘာ​စ​ပြောရမလဲ
ဆိုတာစဉ်းစားမိသည်​။

ငါလဲမင်းကိုလွမ်း​နေတာလို့​ပြောရမလား?
ဒါမှမဟုတ်​ အပြင်​သွားတာဘာလို့
အဲ့​လောက်​ကြာတာလဲလို့​မေးရမလား?
ဘာမှမ​ပြောပဲမသိချင်​​ယောင်​​ဆောင်
နေတာ​ကောင်းမလား?

စဉ်းစားလို့မပြီးခင်​မှာပဲသူက​ရေချိုးခန်းထဲက
ထွက်​လာသည်​။ အ​ပေါ်ပိုင်းဗလာနဲ့
ဘောင်းဘီရှည်​ကိုသာဝတ်​ထားပြီးဆံပင်​က
ရေစက်​​လက်​ကျ​နေ​၏။ ။ ကျွန်​​တော်​သူ့ကို
ကြည့်​ရာမှမျက်​နှာလွှဲလိုက်​​တော့သူက
ကျွန်​​တော့်​ဝှီးချဲ​ရှေ့ထိုင်​ကာ​​ပေါင်​​ပေါ်သို့
ခေါင်းတင်​လာသည်​။

"​မောင်​ဒီ​နေ့အရမ်းပင်​ပန်းတယ်
ခင်​ဗျားကိုလဲအရမ်းလွမ်းတယ်​"

Dearest He S2(Kaisoo Yaoi)Where stories live. Discover now