Blue - Fifteen

3.8K 826 58
                                    

" အကို့ကို သဘောကျနေတာ ကြာပြီ "

ထိုမိန်းကလေးသည် ရှက်ရွံ့ သွားခြင်းကြောင့် မျက်နှာ
ပြင်တစ်ခုလုံးသည် နီရဲတက်လာပါတော့သည်။ စကားကို ဆက်ပြောရနိုးနိုး ၊ ရှက်စိတ်ကြောင့် ရပ်ထားရနိုးနိုးဖြင့် သူ၏ မျက်နှာချင်းဆိုင်က ယောက်ျား
လေးအား မဝံ့ မရဲခိုးကြည့်လေသည် ။ ဂျုံအင် တစ်
ယောက် မျက်လုံးတွေ ပင့်တက်သွားကာ သောက်
လက်စ အအေးခွက်ကို ပြန်ချလိုက်တယ် ။ အခြေအ
နေသည် တော်တော်လေး တိတ်တိတ်ဆိတ်ဆိတ်။

" တကယ်တော့ အထက်တန်းထဲကပါ "

ဂျုံအင်၏ မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် စ
တင် လှုပ်ရှားလာပါတော့သည် ။ ဒါဆို ဘယ်နနှစ်
လောက် ကြာကြပြီလဲ ။ နှစ်နှစ်လား သုံးနှစ်လား ။
နောက်ထပ်တဖန် ထိုမိန်းကလေးဆီက စကားသံ
ထပ်ထွက်လာပြန်တာမို့ သူ နားစွင့်လိုက်သည် ။

" အကို့ဘက်ကရောဟင် ဘယ်လိုသဘောထားလဲ"

ဂျုံအင်တစ်ယောက် ထိုနေရာကနေ ထ,ထွက်လာခဲ့ပါ
တော့တယ် ။ ကြားလဲမကြားချင်တော့ ကျက်သရေလဲ
မရှိပါ ။

အအေးတခွက်လောက် ထိုင်သောက်လိုက်တာ ဘေး
ဝိုင်းမှာ စောက်အတွဲတတွဲ တိုးလာတော့မည် ။
ကမ္ဘာကြီးအတွက် အကျိုးမပြု ၊ လေကုန်တာလဲ အ
ဖတ်တင် ၊ အကျိုးအမြတ်မရှိတဲ့ အကျိုးတတွဲ ထပ်တိုး
လာဦးမယ်ပေါ့ ။ ချီးပဲ ! ငါ့အကိုတို့အတွဲနဲ့တင် လုံ
လောက်နေပြီလေ ။ ဘာတွေများ ကောင်းကျိုးရှိနေ
ကြလို့ ရည်းစားထားနေကြတာလဲ ။ ပြောကြစမ်းပါ ။

ရည်းစားထားတာ ကမ္ဘာကြီးအတွက် ဘာတွေများ
အကျိုးပြုနေကြလို့ အတွဲတွေ များနေရတာလဲ ။
ကင်ဂျုံအင်ဘဝမှာ နေ့တိုင်းနေ့တိုင်း အိပ်လိုက် စား
လိုက် လုပ်ခွင်ရှိရုံဖြင့် ရောင့်ရဲတင်းတိမ်နိုင်သည် ။
သူ့အတွက် ချစ်သူရည်းစားမလိုအပ်ပါ ။လုံးဝမလို
အပ်ပါ။ ထပ်ပြောပါမယ် လုံးဝ မလိုအပ်ပါ ။

ငြိမ်းချမ်းရေးဆိုသည့် ခေါင်းစဉ်အောက် မငြိမ်းမချမ်း
ရှ်နေကြသည့် လူနှစ်ယောက် ။ ကင်ဂျုံအင် နှင့် ပတ်
ချန်းယောလ် ။ ငါ့အသား တချက်ကလေး လာထိရုံထိ
ကြည့်စမ်း ထထိုးမယ်ဆိုသည့် ပုံစံကြီးတွေဖြင့် မျက်
နှာချင်းဆိုင် ထိုင်နေကြသည် ။ ဟျွန်ဆောင်း တစ်
ယောက် မျက်လုံးတွေသည် ဂနာမငြိမ် ၊ဘေးက သူ
ငယ်ချင်းဖြစ်သူကိုကြည့်လိုက် ၊ရှေ့က ဂျစ်တစ်တစ်
လူဆိုးကောင်လေးကို ကြည့်လိုက်ဖြင့် ရတတ်မအေး
နိုင်ရှာ ။ သူ့အဖြစ်မှာ သားနှစ်ယောက်ကြား ပူပန်နေ
ရသည့် မိခင်တစ်ယောက်သဖွယ် ။

Blue 💙Where stories live. Discover now