Blue - Six

5.3K 1.2K 73
                                    


ခြောက်ဆယ့်တစ်ကြိမ်မြောက်အဖြေ 🍀

" ဘီအယ်ယူအီး ဘလူး အပြာရောင် "

တူတော်မောင်၏ မပီကလာ အသံလေးကြောင့် ချန်း
ယောလ် ပြုံးမိသွားသည် ။  အပြာရောင်ခြယ်ထားတဲ့
အကွက်ကလေးကို လက်ညိုးလေးနှင့် ထောက်ကာ
ပါးစပ်ကလဲ ဘလူး အပြာရောင် ဆိုပြီး ခဏ ခဏ ဆို
နေသည်က အကြိမ်ပေါင်းများစွာ ။ ဒီကလေး တစ်ခါ
ဆိုတိုင်း  ချန်းယောလ်မှာ နေရင်းထိုင်ရင်း မျက်နှာ
ထက် အပြုံးရိပ်ကသမ်းနေသည် ။

" ဘလူးကို  သားသား  ကြိုက်လား    "

မမက သူ့ကလေးကို  အပြာရောင်ကို ကြိုက်သလား
မေးနေပေမဲ့ တကယ်တမ်း ခေါင်းတစ်ဆတ်ဆတ်
ညိတ်ပြချင်နေသည်က ချန်းယောလ်သာ ။ တူလေး၏
စာအုပ်လေးထဲက အပြာရောင်အကွက်ကလေးကို
လှမ်းကြည့်ပြီး ချန်းယောလ်က ခေါင်းပြာပြာလေးကို
မြင်လာသည် ။ ဖွာခနဲ ဖွာခနဲ ၊ အိခနဲ အိခနဲ ၊ ဆံပင်
ပြာပြာကလေးတွေ ။ ကိုင်ကြည့်ဖူးသည် ။ ထပ်ခါထပ်
ခါ ကိုင်ကြည့်ချင်လောက်အောင် ဆွဲဆောင်လွန်း၏ ။
ထူးဆန်းလိုက်တာလို့လဲအခါခါတွေးကြည့်ခဲ့ဖူးသည်။
အရောင်ဆိုးထားမှန်းပေမဲ့ဒီကောင်လေးနှင့်မှ ဂန္တာဝင်
မြောက်အောင် လှလွန်းသည်ဟု ထင်သည် ။

ဘလူးကလေး ။ အပြာရောင်ကလေး ။

" ဘလူးက အပြာရောင်ဟုတ်လို့လားကွ "

ချန်းယောလ်က တူကလေးကို လှမ်းစလိုက်သည်  ။

"  မေမေ ဦးဦးကလေ ဘလူးဆိုတာ အပြာရောင်မှန်း
မသိဘူး   တုံးလိုက်တာ သားသား သင်ပေးမယ်
လိုက်ဆို  ဘီအယ်ယူအီး  ဘလူး  အပြာရောင်  "

ချန်းယောလ်  ရယ်အော်လိုက်ရင်း တူလေးကို ပေါင်
ပေါ်ဆွဲတင်ကာ  ဆံပင်လေးတွေကို ဆွဲဖွလိုက်သည်။
ပါးနှစ်ဖက်ကို မွှေးကြူလိုက်ကာ ပြုံးနေမိတော့သည်။
ဘာရယ်မဟုတ်  တူလေးရဲ့ဆံပင်လေးတွေကို ကိုင်
ကြည့်ရင်း  ဆံပင်အပြာလေးတွေကိုသွားသတိရမိ၏။

" အပြာရောင်ဆိုးမလား  မဆိုးပါနဲ့ကွာ အပြာရောင်
က လူတိုင်းနဲ့မလိုက်ဘူးကွ ကမ္ဘာပေါ်မှာတစ်ယောက်
လောက်ပဲ  လိုက်တာ  ဟား  ဟား  "

Blue 💙Where stories live. Discover now