Blue ( Final)

5.3K 817 35
                                    

ဒီနေ့အတွက် ပတ်ချန်းယောလ်၏ အပြာရောင်အားဆေးလေး ပျောက်ဆုံးနေသည် ။လက်ချောင်းတွေကြား
ထဲ ပျော်ဝင်သွားမတတ် နူးညံ့တဲ့ ဖယောင်းလို ဆံပင်
ပြာပြာလေး၏ ပိုင်ရှင်ကောင်လေး ပျောက်ရှနေသည်။
ကိုယ့်လက်ချောင်းတွေကြား လက်သွယ်သွယ်လေး
ဝင်ရောက်လာပြီး သွယ်ယှက်ဆုပ်ကိုင်ထားပေးမည့်
ကောင်လေး ဒီမနက်တွင် ပေါ်မလာခဲ့ ။ မောင့်ကိုချစ်
လိုက်တာ လို့ တဖွဖွ ပြောနေတတ်သည့် အသံလေး
ကို လွမ်းလှပြီ ။ ကိုယ့်ဘက်က ဘယ်လောက်စာပို့ပို့
ရီပလိုင်းလေး မလာတဲ့ အခြေအနေဟာ သူ့အလှည့်
ကို ပြန်ရောက်သွားသလား အောက်မေ့ရသည် ။
မောင့်ကောင်လေး မောင့်ဘလူးလေး မောင့်အသည်းအသက်လေးရေ မောင့်တော့ လွမ်းလှပါပြီကွာ ။

" ဖုန်းမကိုင်ဘူးလား ဒီတခါ ဘလူး တော်တော်စိတ်
ဆိုးသွားတာဖြစ်ရမယ် မင်းတို့တွေကလဲလွန်ပါတယ်"

ချန်းယောလ်တယောက် သူ၏အသုံးမကျလှတဲ့အကြံ
ပေးအမတ်ကို အခဲမကြေစွာ မျက်စောင်းကြီးနှင့် တ
ချက် ကြည့်လိုက်တော့သည် ။ ဒင်းကြောင့် ဟိုငမွှေ
ကောင်က သူ့ကိုနိုင်ကွက်ရသွားသည်လေ ။ အကြီး
တယောက်ဖြစ်ပြီး အငယ်ကညှပ်ချတာကို ခံရပါသတဲ့
ငမွှေကောင်က လည်တာမှ ပန်ကာလိုပဲ ။ ဘာဖြစ်
တယ် ~

" ကျွန်တော့်မှာ အားနည်းချက်ဆိုလို့ စောက်ရမ်းချော
နေလို့ စိတ်ညစ်ရတာပဲရှိတယ် " တဲ့ ။

ဟွန်ဆောင်းတယောက် အီလည်လည်ရုပ်ကြီးနဲ့ ပြန်
ရောက်လာတာပဲ ။ ကြာကြာသာ ပေါင်းသင်းနေလိုက်
ရင် ကင်ဂျုံအင်က သူ့ကို ရောင်းစားသွားမှာ ။ ဘယ်
ဘဝက ရေစက်တွေမို့ သူ ဒီလောက်ထိ ဒုက္ခခံနေရ
သလဲကို မသိတာ ။ အခုတော့ ဘလူးလေးက စိတ်
ဆိုးပြီး ကျောင်းကို မလာတော့ဘူး ။ လွမ်းရတော့
ကိုယ် ၊ ဟိုအကောင်ကတော့ ကန်တင်းမှာ တဖြဲနှဖြဲ
စားသောက်နေတာများ ဗိုက်ထဲ တွင်းကြီးရှိနေသလိုပဲ

ကင်ဂျုံအင်တယောက် ဒီနေ့မနက် စိတ်ဆိုးနေတဲ့
အကိုဝမ်းကွဲလေးကို ဘယ်လောက် ချော့ကြည့်ကြည့်
စိတ်ဆိုးပြေမလာတာကြောင့်စိတ်ညစ်ညစ်နဲ့ပဲ ဘလူး
ပိုက်ဆံအိတ်ထဲက နည်းနည်းလောက် နှိုက်ယူလာခဲ့
လိုက်သည် ။ ပါးစပ်ညောင်းခ အဖိုးအခလေးအဖြစ်
ပေါ့ ။ ပတ်ချန်းယောလ်ကိုတော့ မျောက်မှိုင်မှိုင်နေတဲ့
ရုပ်နဲ့ အုတ်ခုံပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ပါသေး
သည် ။ အဲ့ဒီကောင်က နည်းနည်းတော့ ကျပ်မပြည့်တဲ့ ပုံပေါ်တယ် ။စာလဲ တတ်တဲ့ပုံမရဘူး ။ ဘလူးကို
အပြာရောင်မှန်းမသိမှတော့ စာမတတ်ပေမတတ်ပေါ့

Blue 💙Dove le storie prendono vita. Scoprilo ora