Blue - Fourteen

5.4K 991 44
                                    


မနက်ခင်း၏ နေရောင်ခြည်နွေးနွေးလေးဆိုသည်မှာ
ချန်းယောလ်အတွက်ကတော့ သူ၏ခေါင်းပြာလေးကို
ကင်ဂျုံအင်မပါဘဲ တစ်ယောက်ထဲတွေ့ရခြင်းပင် ဖြစ်
သည် ။ စိတ်ကောက်နေလို့ အသည်းအသန် ချော့ယူ
ထားရတဲ့ ခေါင်းပြာလေးက ဒီနေ့မှာတော့ မျက်နှာ
လေးက ကြည်လင်နေသည် ။ ခေါင်းပြာလေး၏ဘေး
တွင်တော့ ကင်ဂျုံအင်ပါမလာခြင်းသည် နေ့ကောင်း
နေ့မြက်တစ်ရက်ဟု သူ ဝမ်းသာအားရ ကြုံးဝါးလိုက်
သည် ။အရောင်စိုလဲ့လဲ့ အပြာရောင်ဆံပင်လေးတွေ
က နေရောင်အောက်တွင် လှလိုက်သည့် ဖြစ်ခြင်း ။
ကြည်လင်နေတဲ့ မျက်နှာပြည့်ပြည့်ရှင်းရှင်းလေးနှင့်
လိုက်ဖက်လှသည် ။ ကိုယ့်ကောင်ကလေးကို တမေ့
တမော ပြန်ငေးယူရင်း ရင်ခုန်သံတွေက စီးချက်ကျကျ။ နာရီလေးတွေဆီမှ ထွက်တဲ့အသံလေးတွေ အ
တိုင်း တဂျောက်ဂျောက် တဒိန်းဒိန်း ။

" ဒီနေ့တော့ ထူးထူးဆန်းဆန်း ဟိုသတ္တဝါလေး
မပါပါ့လား ရန်ဖြစ်ထားကြလို့လား "

ဟွန်ဆောင်းသည်ပင် ဒီနှစ်ယောက်ကို တွဲမတွေ့ရ
တော့ အံ့သြရသည် ။ စွယ်တော်ရွက်ကလေးတွေ ပူး
ကပ်နေတဲ့ ညီအကိုတွေမဟုတ်လား ။ တကယ်တော့
ကင်ဂျုံအင်က သူတွေ့ဖူးသမျှထဲ တော်တော်လေး ပြ
သာနာရှာပေးတတ်သော ငမွှေကောင်လေး ။

" မနေ့က ကျွန်တော်တို့တွေ ရန်ဖြစ်ကြတဲ့ အထိမ်း
အမှတ်အနေနဲ့တဲ့ အောင်ပွဲခံပြီး သီချင်းသွားဆိုလိုက်
တာ ဒီနေ့မနက်တော့ အသံတောင်မထွက်နိုင်ဘူးလေ
ပရှဲပရှဲနဲ့ ဆိတ်ကလေးအော်နေတဲ့အတိုင်းပဲ ဟား "

ဘတ်ဟျွန်းက သူ့ဝမ်းကွဲညီအကြောင်း ပြောရင်း ထ,
ရယ်သည် ။ ဒီမနက် ကင်ဂျုံအင်ရဲ့ အသံကို ကြားပြီး
ထဲက သူလဲ အသံဝင်မတတ် ရယ်ခဲ့ရတာ ဗိုက်ကြော
တွေတောင် တော်တော်လေးနာနေပြီ ။အခုထိတောင်
သူ အတောသတ်နိုင်သေးတာမဟုတ်ဘူး ။ နားထဲ
ဆိတ်ကလေးတစ်ကောင် ထ,ထအော်နေတဲ့အတိုင်း
ပဲ ။ ဂျုံအင်ကတော့ သူ့ကိုရယ်လို့ စူပုတ်ပုတ်ရုပ်နဲ့
စိတ်ဆိုးပြီး ကျန်နေခဲ့တယ် ။ ဒီအသံနဲ့ သူ ကျောင်း
လာရမှာ တော်တော်လေး ငြင်းဆန်ခဲ့တယ် ။

" သူက အောင်ပွဲတောင်ခံလိုက်သေးတယ်ဟုတ်လား
ဟာ ဒီကောင်တော့များပြီ ၊ သူပဲ မွှေသွားပြီး သူက
ပျော်နေနိုင်သေးတယ်ပေါ့ ဒီကောင် ဘာကောင်လဲ "

Blue 💙Where stories live. Discover now