Blue - Five

5.3K 1.3K 103
                                    


ဘလူးဆိုမှတော့ အပြာရောင်ပေါ့ ငတုံးငအရဲ့💙

ထိုမိန်းကလေးနှင့် သူ၏ကြား အကွာအဝေးက ခြေ
လှမ်း  ခြေလှမ်းခုနှစ်လှမ်းစာလောက်သာ ရှိတော့၏။
ရှေ့ထုတ်လိုက်တဲ့ ခြေလှမ်းက နောက်ပြန်လှည့်သွား
လိုက်တယ်  ။  ဘလူးဆိုတာ ဘယ်သူမှန်း သူ မသိ
သေးပေမဲ့  ဒီမိန်းကလေးတော့ မဟုတ်ဘူးလို့ သူ
အတပ်သိနေသလိုလို  ခံစားနေရသည်မို့ ။သူ ချာကနဲ
ပြန်လှည့်လာတော့  ဟွန်ဆောင်းက မျက်လုံးအပြူး
သားနဲ့  ပါးစပ်လှုပ်ရုံဖြင့် ဘာလို့လဲလို့မေးနေတယ် ။
သူ ခေါင်းသာခါပြလိုက်ပြီး  သက်ပြင်းချလိုက်မိတယ်၊
သူ  ဘလူးလို့ ခေါ်သံကို ကြားနေရတာ သုံးကြိမ်တိ
တိ ရှိနေပြီ  ။ အသံသာကြားပြီး လူရှာမရတဲ့ အဖြစ်။
လေလိုပဲ အနားမှာ ရှိနေပြီး မမြင်ရဘူး ။ ဖမ်းဆုပ်
ထားချင်မိပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပါ
မလာခဲ့ဘူး  ။ သူ့သက်ပြင်းချသံက ခပ်ကျယ်ကျယ် ။

" ခက်တယ်ကွ ခက်တယ် ဘယ်သူမှန်းမသိတဲ့သူကို
လိုက်ရှာနေရတဲ့ မင်းအဖြစ်က ပိုခက်ခဲတယ် "

ဟွန်ဆောင်းက သူ့ပုခုံးကို နှစ်ချက်ဆင့်ပုတ်ကာ
နှစ်သိမ့်လိုက်တယ်  ။ ပါးစပ်ကလဲ ဘလူး ဘလူး
ဆိုပြီး  တသသရွတ်ကာ သက်ပြင်းခပ်လေးလေး ။
သူသာ ဒီလောက်များဖြစ်နေရင် ချန်းယောလ်တော့!

" ပြန်ရအောင်ကွာ  ငါတကယ်စိတ်ညစ်သွားပြီ  "

ချန်းယောလ် ဆိုင်ထဲက ထွက်လာတော့ ဘတ်ဟျွန်း
တို့ သုံးယောက်ရဲ့ကားလေးက မောင်းထွက်သွား
တော့သည်  ။ ဆိုင်ရှေ့မှာ စိတ်ဓာက်အကြီးအကျယ်
ကျနေတဲ့ရုပ်ဖြင့် မတ်တပ်ရပ်နေတဲ့ ချန်းယောလ်ရယ်
ကားထဲမှာ  သမ်းဝေရင်းပါသွားတဲ့ ဘတ်ဟျွန်းရယ် ။



" တော်သေးတယ် ဂျုံအင်ကယ်လို့ ဂျုံအင်ကယ်လို့ "

ဘတ်ဟျွန်းက ဒီစကားကို တဖွဖွရွတ်နေတော့ ကား
မောင်းနေတဲ့ ကင်ဂျုံအင်က ခဏခဏ ခေါင်းစောင်းငဲ့
ကြည့်ပြီး မျက်စောင်းကြီး တစ်ဝင့်ဝင့် ။ ဒီဒီကတော့
တစ်ယောက်ထဲထားခဲ့လို့ စိတ်ကောက်နေပေမဲ့ ဝယ်
ပေးသမျှကိုဒိုင်ခံရှင်းပေးထားတဲ့ အကိုနှစ်ယောက်မို့
ပြသာနာကို မီးထွန်းမရှာတော့ ။

Blue 💙Where stories live. Discover now