Blue - Ten

5.7K 1.2K 130
                                    

ဝါး သူတို့နှစ်ယောက်တွဲကြပြီတဲ့ 🎉

ဂနာမငြိမ်တဲ့ မျက်လုံးလေးတွေကဟိုထောင့်ပြေးကပ်
ဒီထောင့်ပြေးကပ်လုပ်ကာ ၊ တစ်ခုခုကို ပြောထွက်ဖို့
အတွက် အတော်လေး အရှိန်ယူနေတဲ့ ဘလူးလေးကို
ရှေ့မှာထားပြီး ချန်းယောလ်သည်လဲမိုးသက်လေပြင်း
ကျကာ ကြမ်းတမ်းနေတဲ့ လှိုင်းလုံးကြီးတွေအပြည့်
နှင့် ပင်လယ်ပြင်ကြီးလို ။ မိုးထိလောက် မြင့်မားတဲ့
လှိုင်းလုံးကြီးတွေက တစ်လုံးပြီးတစ်လုံး ကမ်းခြေကို
လာလာရိုက်ခတ်သံတွေလို  တဝုန်းဝုန်း ဆူညံနေတဲ့
ရင်ခုန်သံတွေ  ။ သူ အသက်တောင် ရှူမိနေရဲ့လား
တောင်  မသိတော့ဘူး ။ မျက်တောင်ရော ခတ်မိနေ
ရဲ့လား  ။

"  ကျွန်  ကျွန်တော်လေ ချန်းယောလ်ကို   "

လက်သီးတွေကို တင်းတင်း ဆုပ်ထားမိသည် ။ တ
ကယ်ဆို  ဘတ်ဟျွန်းက စာမေးပွဲတစ်ခုဆို သူကစာ
ဖြေသူ ။ ဒီစာမေးပွဲမှာ သူ အောင်နိုင်ခြေရှိပါရဲ့လား ။
မအောင်ခဲ့ရင်  မေမေ့ဆီမှာ အရိုက်ခံရတဲ့ ကလေး
တစ်ယောက်လိုမျိုး  သူ အော်ငိုမိလိမ့်မှာပဲ ။ အောင်
နိုင်ခဲ့ရင်တော့  သူ ခုန်ပေါက်ပြီး ပျော်ရွှင်မိမှာပဲ ။
ချန်း​ယောလ်ပုံစံက စာမေးပွဲအမှတ်ကို စောင့်နေတဲ့
ကလေးတစ်ယောက်လိုမျိုးပဲ ။ ရင်တွေ တဒိတ်ဒိတ်
ခုန်နေပြီး လက်ဖဝါးတွေမှာ ချွေးစေးတွေထွက်နေပြီ။

"   ချစ်တယ်ဗျ "

ချန်းယောလ်က ဒီစာမေးပွဲလေးမှာ အောင်မြင်သွား
တယ်။ရလဒ်လေးက ထွက်လာတယ် အမှတ်ပြည့်တဲ့။

"  တကယ်  ကိုယ့်ကို တကယ်  အား  ! "

ချန်းယောလ်က ပျော်ရွှင်လွန်းလို့ မျက်စိရှေ့မှာ ရှက်
ပြုံးလေး ပြုံးနေတဲ့ အပြာရောင်လေးကို ဖက်ထား
လိုက်မိတော့တယ် ။ ဖက်ထားတာကိုတောင် အားမ
လိုအားမရဖြစ်ကာ သူ တင်းတင်းကြပ်ကြပ် ဖက်ပစ်
လိုက်တော့ အပြာရောင်လေးက သူ့ရင်ခွင်ထဲ မြုပ်ကာ
ပျောက်ကွယ်သွားတော့မတတ် ။

အမှတ်ပြည့်မို့ ချီးမြှင့်လိုက်တဲ့ ဆုတံဆိပ်လေးကို အ
မြတ်တနိုး ပွေ့ဖက်ထားသလို အပြာရောင်လေးကို
အမြတ်တနိုး ၊ ပွေ့ဖက်ထားမိတော့သည် ။

Blue 💙Where stories live. Discover now