Xiao Zhan ကတော့ YiBo နောက်ကျောပြင်ရဲ့ခါးအနားလေးလောက်မှာမျက်နှာအပ်ရင်း ရှိုက်ကာငိုနေလေသည်။
တခဏမျှတိတ်ဆိတ်မှုတွေရောက်လာပြီးနောက်မှာတော့
"ကိုကို့မှာတကယ်ကို ကျွန်တော့်အတွက်၀န်ခံပြီး ပြောပြစရာမရှိဘူးလို့ကြားရတော့ ကျွန်တော်တကယ်စိတ်မကောင်းဘူး ..."
"ဘာလဲ မင်းကြားချင်တာငါကမွေးစားသားပါဆိုတဲ့ ၀န်ခံစကားကြီးလား Xiao Zhan.မင်းသိပြီးသားလေ ငါကထပ်ပြောနေရဦးမှာလား"
"အာ မဟုတ်ပါဘူး ကိုကို ။ ကျွန်တော် ၀န်ခံစေချင်တယ်ဆိုတာက .."
"တော်တော့ Xiao Zhan ။မင်းဘာစကားမှဆက်မပြောဘဲတော်လိုက်ပါတော့။ငါတကယ်တောင်းဆိုပါတယ်"
" ..."
YiBo က သူ့ခါးကိုသိုင်းဖက်ကာ ကပ်တွယ်ရင်းငိုနေတဲ့ Xiao Zhan ရဲ့ လက်တစ်စုံကိုဖြုတ်ချကာနောက်ကျောခိုင်းနေရင်းကနေ အရှေ့လှည့်လာပြီး
"အိပ်တော့ ...မင်းနားဖို့လိုတယ်"
ဟု တချိုတသာ ဆိုလေသည်။
ကုတင်ပေါ်မှာ ထိုင်လျက် မတ်တပ်ရပ်နေသူအား မော်ကြည့်နေတဲ့ Xiao Zhan က မျက်ရည်အပြည့်နှင့်။
"ဒါဆို ဘယ်လိုအခြေအနေတွေဘဲရောက်ရောက် ကိုကိုက နှုတ်ပိတ်နေမှာလား ..."
"အင်း ...ဒါကငါတို့နှစ်ယောက်စလုံးအတွက်အကောင်းဆုံးရွေးချယ်မှုဆိုတာထက် မင်းအတွက်အကောင်းဆုံး ငါရွေးချယ်လိုက်တဲ့ ရွေးချယ်မှု လို့ပြောရင်ပိုမှန်လိမ့်မယ်။"
ပြတင်းပေါက်မှာတပ်ထားတဲ့ လိုက်ကာဖြူဖြူဆို့ရဲ့ ယိမ်းအက ဆီသူ့အကြည့်တို့ကိုလွှဲအပ်ကာဆိုလိုက်သည်။
"ဘာလို့ ဒီလိုရွေးချယ်ရတာလဲ ဟင် ကိုကို"
"ငါပြောပြီးပြီလေ မင်းအတွက်ကောင်းအောင်ငါလုပ်ပေးတာလို့"
"အဲတော့ တောင်းပန်တယ်ဆိုတဲ့စကားကရော အခုအခြေအနေကို ကိုကိုလက်မခံနိုင်လို့ ရပ်တန့်ချင်လို့ ပြောလိုက်တဲ့စကား ဟုတ်တယ်မလား ..."
" ..."
"ဟင် ဟုတ်တယ်မလား"
သူ့ကိုတစ်ချက်ကလေးမှမကြည့်တဲ့ YiBo အားမျှော်လင့်တကြီးနှင့် ငိုယိုကာ Xiao Zhan မေးခွန်းထုတ်နေတော့သည်။
![](https://img.wattpad.com/cover/226524009-288-k640051.jpg)