Part 30 Unicode

4K 287 11
                                    

1 Month Later ( တစ်လခန့်ကြာသော် )

ရုံးပိတ်ရက်မို့YiBiဧည့်ခန်းထဲမှာထိုင်ရင်း TV ကြည့်ရန်ပြင်နေတုန်း Xiao Zhan က သန့်သန့်ပြတ်ပြတ်၀တ်ကာ ရေမွှေးအနံ့ခပ်သင်းသင်းနဲ့ အပေါ်ထပ်ကဆင်းလာသည်။

"Xiao Zhan ဘယ်သွားမလို့လဲ"

YiBo ရဲ့အမေးကိုသူမဖြေ။အိမ်တံခါးအ၀မှာထိုင်ရင်းနဲ့သာ ဖိနပ်ကြိုးကိုအချည်မဖြတ်ချည်နေလေသည်။

"Xiao Zhan. ..."

YiBo ကသူ့အနားကပ်ကာထပ်မေးလိုက်မှ

"ဘာလဲ ..."

ဟု စိတ်မရှည်ဟန်နှင့်ဖြေလေသည်။

"မင်းဘယ်သွားမလို့လဲ ..."

"ဘယ်သွားသွားပေါ့ ဒါကျွန်တော့်ရဲ့ personal "

"အော် အင်းပါ။ညမနက်စေနဲ့ စောစောတော့ပြန်ခဲ့နော်"

ခဏခဏအိမ်အပြန်နောက်ကျတတ်တဲ့ ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးကို YiBo ကလှမ်း‌မှာတော့ ကောင်လေးမှာမကျေနပ်ဟန်ပေါ်နေသည့် မျက်ထောင့် ခပ်နီနီနှင့် စိုက်ကာကြည့်ပြီး ထွက်သွားလေသည်။

"အော် ...ကားတောင်ယူမသွားဘူး ဒီကလေး။Bank account ထဲမှာရော မုန့်ဖိုးတွေရှိသေးရဲ့လား"

သူခပ်တိုးတိုးရေရွတ်ကာ ကောင်ငယ်လေးအ‌တွက်တွေးပေးနေပြန်သည်။

အရင်ကတည်းက Xiao Zhan ရဲ့ ကဒ်ထဲ မုန့်ဖိုးတွေ‌ဖြည့်ဖြည့်ပေးနေရတာက သူ့အလုပ်တစ်ခုလိုဖြစ်နေလေပြီ။ဒါတွေ ဟိုကောင်ငယ်လေး မသိရှာပါဘူးလေ။

အပြင်တွေသွားပြီး မိနစ်လောက်နောက်ကျရင်တောင် နေမထိထိုင်မသာနဲ့ စိတ်ပူ‌တတ်တဲ့ ဒီ မွေးစားအကို။ဒါတွေ ဟိုကောင်ငယ်လေး ဘယ်သိပါ့မလဲလေ။

သူ့ကိုဆူပြီးတိုင်းသူ့နောက်ကွယ်မှာစိတ်မကောင်းဖြစ်နေတာတွေလည်း ဟိုကောင်ငယ်လေးမသိပြန်ဘူး။

သူဘာတွေစိတ်ညစ်စရာရှိလို့မူးမူးရူးရူးနဲ့လူမှန်းမသိသူမှန်းမသိအောင် အရက်သောက်နေလဲဆိုတာ ဘယ်သူကမှ သိချင်ဇောနဲ့ မမေးခဲ့ကြဘူး။

ကောင်ငယ်လေးအပေါ်မှာရှိနေတဲ့ သူ့ရဲ့မရိုးသားတဲ့စိတ်နဲ့ အရောင်စွန်းနေတဲ့ အချစ်တွေဖယ်ရှားဖို့ကြိုးစားရင်း သူသောက်နေခဲ့မိတာ ဘယ်သူမှမသိခဲ့ကြဘူး။ဟိုကောင်ငယ်လေးရောပဲ ...

Adopted Son || YiZhanWhere stories live. Discover now