Part 6 Zawgyi

2.4K 155 4
                                    

"အခြေအနေဘယ်လိုလဲ CEO Wang Yi Bo"

အစည်းဝေးခန်းထဲမှဒေါသတကြီးနှင့်ထွက်လာသည့် CEO ဖြစ်သူအား ကုမ္ပဏီ၏ ရှယ်ရာ သုံးဆယ်ရာခိုင်နှုန်းကျော်ပိုင်သည့် Meaning ဆိုသည့်သူဌေးသားလေးကလှမ်းမေးလေတော့

"အားလုံးအဆင်ပြေတယ်။မင်းထင်သလိုဖြစ်နေမယ်လို့တွေးနေတာလား"

နှုတ်ခမ်းထောင့်စွန်းလေးကော့ကာအသက်မပါပြုံးရင်းဖြေလေသည်။

"အာ ဟုတ်တာပေါ့။CEOကြီးကအဲလောက်တော်တာကိုအဆင်မပြေစရာအကြောင်းမရှိပါဘူး ဟား ဟား ဟား "

လက်ခုပ်ကိုတဖြောင်းဖြောင်းမြည်အောင်တီးလိုက်ပြီးသဘောကျဟန်နှင့်ရယ်မောကာ YiBo အရှေ့ကနေထွက်သွားလေတော့သည်။

YiBo ကတော့

"တောက် ..." ကိုခပ်ကြမ်းကြမ်းခေါက်လျက်။မျက်ထောင့်များလည်းနီလို့။

"Wang Yi Bo ကိုဒီလိုလုပ်လို့ရမယ်ထင်နေတာလား"

ကုမ္ပဏီ၏ Product အသစ်အတွက် YiBo ပေးသည့်အကြံဉာဏ်ကိုရှယ်ရာရှင်တို့ကလက်မခံဘဲ Meaning ရဲ့အကြံဉာဏ်ကိုသာလက်ခံကြခြင်းကြောင့်မရှုံးစဖူးရှုံးလိုက်ရတဲ့ YiBo တစ်ယောက်ဒေါသထွက်နေခြင်းဖြစ်သည်။

"ခဏနေ ပါပါးနဲ့မားမား မင်းကို Video Call ခေါ်လိမ့်မယ်"

Xiao Zhan ရဲ့အခန်းထဲသို့အသိမပေးဘဲဝင်လာတဲ့ YiBo က အိပ်နေတဲ့ကောင်လေးနံဘေးရပ်ကာပြောလိုက်သည်။

သူ့အသံကတစ်ခုခုကိုသဘော‌ကျနေတာမျိုး။

"ဟုတ် ကိုကို"

အိပ်နေရာမှချက်ချင်းထထိုင်လိုက်ပြီးYiBoကိုခေါင်းငြိမ့်ကာ‌ဆိုလေသည်။

"မနိုင်ရင်မထနဲ့လေ။တခုခုဖြစ်ရင်ငါကအပြောခံနေရဦးမယ်"

ခါတိုင်းလိုဘဲသဘောမကျတဲ့အကြည့်တို့နှင့်ကြည့်ကာတဖက်လူရဲ့စကားကိုနားမထောင်ဘဲအခန်းပြင်ထွက်သွားလေတော့သည်။

Ph Ringtone 🎵🎶

"Hello မား"

ဖုန်းကိုကောက်ကိုင်ကာဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့အမေ့ကိုနှုတ်ဆက်စကားတခွန်းဆိုလိုက်သည်။

Adopted Son || YiZhanWhere stories live. Discover now