Xiao Zhan တစ်ယောက်အိမ်ပြန်ရောက်တဲ့အထိ We chat ကနေ Ah Han နှင့်ငြင်းခုန်နေဆဲ။
"မနက်ဖြန် အတန်းချိန်ပြေးပြီး မင်းတို့ကွန်ဒိုအနားမှာ လိုက်ရှာရမယ်"
"မင်းရှာချင်တိုင်းရှာရအောင် အကို YiBo က မင်းကျကျန်ခဲ့တဲ့ပစ္စည်းမှမဟုတ်တာ။တွေ့ခဲ့တဲ့နေရာမှာအမြဲရှိနေရမှာလား ငတုံးရ"
"မင်းငါ့ကိုဒီလိုမျိုးစိတ်ပျက်စရာကောင်းတဲ့စကားတွေပဲဆက်ပြောနေမယ်ဆိုရင်ငါမင်းကိုထိုးမှာနော်"
"တော်ပြီ ငါအိပ်တော့မယ်။ကျန်တဲ့ကိစ္စတွေမနက်မှပြောကြတာပေါ့"
နှစ်ယောက်သားစကားပြောပြီးနောက်မှာတော့ Xiao Zhan တစ်ယောက် မေးခွန်းပေါင်းများစွာနှင့်ညတာကိုရှည်လျားစွာဖြန်သန်းနေရပါတော့တယ်။
_________ Adopted Son___________
"လာစမ်းပါကွာ ...."
Xiao Zhan က Ah Han လက်ကိုခတ်ကြမ်းကြမ်းဆွဲကာအပြေးအလွှားနှင့်။
"ငါ့အခန်းအရင်သွားပြီးအင်္ကျီလဲမယ်။ပြီးမှရှာကြမယ်လေ နော်"
"အေး ပြီးရော ...."
နှစ်ယောက်သားသဘောတူကာ ကွန်ဒိုအထဲ၀င်လာကြတော့သည်။
ကွန်ဒိုအထဲ၀င်လိုက်သည်နှင့်တပြိုင်နက်မနေ့ကစတိုးဆိုင်မှာ Xiao Zhan တွေ့လိုက်တဲ့လူကဓာတ်လှေကားအတွင်း၀င်သွားလေသည်။
နောက်ကျောကိုမြင်ရုံနှင့်မှတ်မိနေတဲ့ Xiao Zhan က ခပ်မြန်မြန်ပင်ဓာတ်လှေကားအနားပြေးပေမယ့်လည်းမမီလိုက်ပေ။
ရိုးရိုးလှေကားဖက်ကိုအမြန်ဆုံးပြေးပြီး Ah Han ကိုတောင်လှည့်မကြည့်ပဲ Xiao Zhan ပြေးတက်နေတော့သည်။
အနောက်မှာကျန်ခဲ့တဲ့ Ah Han ကတော့ Xiao Zhan ကိုမမီလိုက်ရင်းလျှာထစ်လစ်ထွက်လျက်။
နောက်ဆုံးတော့ Ah Han နေတဲ့အထပ်ကိုရောက်လာခဲ့ပါပြီ။
လှေကားထိပ်လည်းရောက်တော့ မနေ့ကလူက ဓာတ်လှေကားအတွင်းမှထွက်သွားလေသည်။
Xiao Zhan လည်းနည်းနည်းလေးမှအလွတ်မပေးပဲလိုက်ခဲ့ပေမယ့် ထိုလူက Ah Han ရဲ့အခန်းမျက်နှာချင်းဆိုင်က အခန်းထဲ၀င်သွားလေတော့သည်။
![](https://img.wattpad.com/cover/226524009-288-k640051.jpg)