6

4.9K 619 71
                                    

မောင်ဟုခေါ်သည် ( 6 )

" အာ့ "

တဆစ်ဆစ်ထိုးကိုက်နေတဲ့
ဦးခေါင်းအားလက်ဖြင့်အသာဖိကာ
အိပ်ရာပေါ်ငုတ်တုပ်ထ ထိုင်လိုက်တော့

မြင်လိုက်ရတဲ့ အခန်းဖွဲ့စည်းပုံဟာ
သူ့အခန်းနဲ့မတူကွဲပြားနေလေ၏

ကြည့်ရတာ ရှင်းဝူ ရဲ့အိမ်ကိုရောက်နေတယ်
ထင်ပါရဲ့...

" ကျစ် "

မနေ့ညကသောက်ထားတဲ့အရှိန်ကြောင့်
လူကခေါင်းပင်မထောင်ချင်တော့
တစ်ဆစ်ဆစ်နဲ့ကိုက်နေတဲ့နားထင်ကြောတွေကို
လက်နဲ့ဖိခြေရင်း မနေ့ညက ကိစ္စတွေကိုပြန်လည်ပုံဖော်ကြည့်နေသော်လည်း ခေါင်းထဲမှာ ဗလာနတ္တိ

" ဟူး "

သက်ပြင်းတစ်ချက်ချကာ
ကိုယ်ပေါ်ကစောင်ကိုဖယ်ပြီးကုတင်ပေါ်မှဆင်းရန်
ပြင်လိုက်တော့.......

" ဟင် "

သူ့တကိုယ်လုံးဟာ.မိမွေးတိုင်းဖမွေးတိုင်းကဲ့သို့
ဗလာကျင်းလျှက် ရှိနေ၏

ဘာတွေလဲ??

အလန့်တကြား
သူ့ဘေးကိုဖြတ်ခနဲကြည့်လိုက်တော့
စောင်ပုံထဲမှာအပေါ်ပိုင်းဗလာနဲ့သူ့ကိုကျောပေးအိပ်နေတဲ့
မိန်းကလေးတစ်ဦး.

" ဟေ့..မင်းထစမ်း"

ကျောပေးအိပ်နေတဲ့သူမ၏ပုခုံးကို
အသာလှုပ်ကာနှိုးလိုက်တော့.သူ့ဘက်ကိုယ်လေးလှည့်လာသော
သူမ

" မီယာ!!!!! "

"အာ့..အင်း..ကိုယ်နိုးလာပြီလား "

စောင်ကိုရင်ဘတ်နားထိဆွဲတင်ပြီး.ငုတ်တုတ်ကလေးထ ထိုင်ကာမေးသော သူမ ရဲ့ လည်ပင်းသားဖြူဖြူလေးတွေထက်မှာ
အနီရောင်အမှတ်အသားတွေက အပြည့်

ဒါဟာမနေ့ညက သူတိူ့နှစ်ယောက်...

" သဲ...မနေ့ညက သဲနဲ့ကိုယ် "

မယုံကြည်နိုင်တဲ့
မျက်ဝန်းတွေနဲ့ မေးခွန်းထုတ်လိုက်သောသူ

" ကိုယ်မမှတ်မိဘူးလား..မနေ့ညက......."

ဝမ်းနည်းစိတ်လေးနဲ့
အဆက်ပြတ်သွားတဲ့သူမအသံလေးတွေဟာ
တုန်ရီအက်ကွဲလျှက်

မောင်ဟုခေါ်သည် season-1 "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Donde viven las historias. Descúbrelo ahora