26

6.9K 714 82
                                    

မောင်ဟုခေါ်သည် ( 26 )

နားထဲတိုးဝင်လာသော
Weeding Song သံလေးနဲ့တင်
ကျွန်တော်ဒူးတွေပါခွေယိုင်လဲမတတ်
ရင်တွေခုန်နေမိသည်

အဖြူကြိုက်သောမင့်အတွက်
ဘုရားကျောင်းတစ်ခုလုံး
ပန်းတွေကအစ ကော်ဇောထိပါအဆုံး
အဖြူကိုသာသုံးစေခဲ့၏
ဂနာမငြိမ် ဖြစ်နေသောကျွန်တော့်စိတ်တွေ
ဟာဘယ်အချိန် ခန်းမထဲဝင်လာမလဲ
မသိသေးတဲ့ မင့်ထံမှာ
မင့်ကိုတကယ်တွေ့ချင်လှပါပြီ
သူတို့သားဝတ်စုံအဖြူ​လေးနဲ့မိုးကျနတ်သားလေးလို
လှနေမယ့် မင့်မျက်နှာလေးကိုတွေးကြည့်ရုံနှင့်ပင်
ကျွန်တော်ရင်တွေခုန်လို့ရူးမတတ်ပါဘဲ

" အက်လောက် ရွစိထနေတာ ဘာလို့မင်းပန်းစည်းမကိုင်လဲ..အက်တာဆိုပြေးလာလို့ရတယ်"

ဂျောင်ယွန်း၏
အငေါ်တူးစကားပင်
ကြည့်ရတာ.ဂနာမငြိမ်ဖြစ်နေတဲ့ကျွန်တော့်ကို
ကြည့်မရတော့ဘူးထင်ပါရဲ့

စိတ်ဆိုးရမယ့်အစားရှက်ပြုံးတစ်ခုဖြင့်သာ
တုန့်ပြန်ရင်း ကျွန်တော်ပြောလိုက်ပါသည်။

" မင်းလက်ထပ်ဖူးမှသိလိမ့်မယ်"

ကျွန့်တော့်စကားကို
ဂျောင်ယွန်းက နှာခေါင်းလေးရှုံ့ပြရင်း

" တော်ပါကွာ..တစ်ကိုယ်တည်းလူပျိုကြီးပဲကောင်းတယ်"

"မင်းလား လူပျိုကြီးလုပ်မှာ..ဟဟ"

ဘုရားကျောင်းအတွင်းက.သတို့သား၏
ရယ်သံလွင်လွင်ကလေးထဲမှာ
ကြည်နူးချမ်းမြေ့မှုတွေ
​အပြည့်ဖုံးလွှမ်းနေတာသိသာလှပါသည်။

ချောင်ကျကျ
ဘုရားကျောင်းလေးအတွင်းမှာကျင်းပသော
ကျွန်တော်နဲ့မင့်ရဲ့လက်ထပ်ပွဲမှာ
လက်ခုပ်သြဘာပေးကြမယ့် ပရိတ်သတ်လည်းရှိမနေပါ
ကျွန်တော်ရယ် ဂျောင်ဟွန်းရယ် ကောင်းချီးပေးမယ့် သင်းအုပ်ဆရာတော်ရယ်သာရှိနေသည်
ချက်ခြင်းလက်ငင်းထလုပ်သော
ပွဲမို့ ဒီလောက်ပဲလုပ်နိုင်တာကို.မင်က အပြစ်လည်းမဆိုသလို
စိတ်မကောင်းလည်းမဖြစ်ရှာပါ
အပြုံးမပျက်ဘဲ ကျွန်တော်စီစဥ်သမျှကို
လိုက်နာရှာ၏တဖြည်းဖြည်းပွင့်လာသောတံခါးချပ်၏နောက်ကွယ်မှာအဖြူရောင်နှင်းဆီပန်းတွေကို
ကိုင်ကာ ကျွန်တော့်စီတစ်လှမ်းချင်းငြင်သာစွာ
လျှောက်လာသော.အဖြူရောင်နတ်သားလေးတစ်ပါးကိုမြင်သည်နှင့်ကျွန်တော့်ရင်ခုန်သံတွေဟာပျားပန်းခတ်သလိုဗရမ်းဗဒါ

မောင်ဟုခေါ်သည် season-1 "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now