25

6.7K 711 88
                                    

မောင်ဟုခေါ်သည် ( 25 )

"ဒီဟာက "

ဆေးရုံအုပ်ကြီး
ပေးလာသောစာအိတ်ကလေးကိုကြည့်ပြီး
ကျွန်တော် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်

" မင်းအတွက် နစ်နာကြေးပါ ဟိုဆော့"

"ဗျာ နစ်နာကြေး"

" ဟုတ်တယ် မင်းက်ို ငါ့ဆေးရုံမှာဆက်မထားနိုင်တော့ဘူးဟိုဆော့"

"ဗျာ"

" ဒီငွေတွေယူပြီး ထွက်သွားပေးပါ"

ကျွန်တော်အောင့်သက်သက်ပြုံးလိုက်မိသည်
ဆေးရုံအုပ်က ကျွန်တော် ကိုယ်ကျင့်တရားကို
စာအိတ်က​လေးတစ်ခုနဲ့စျေးဖြတ်ပစ်တာပဲ
ဘာကြောင့် အလုပ်ထွက်ခိုင်းတာလဲလို့တော့ကျွန်တော်မမေးတော့ပါဘူး အကြောင်းအရင်းကို သိနေပြီးသားလေ

" ကျွန်တော်လက်မခံပါရစေနဲ့ "

" ဘာလို့လဲ..နည်းလို့လား "

"မဟုတ်ပါဘူး..ကျွန်တော့်ကိုယ်ကျင့်တရားကိုငွေနဲ့တန်ဖိုးမဖြတ်ပါနဲ့ ဆေးရုံအုပ်ကြီးကထွက်ဆို ကျွန်တော်ကအလွယ်တကူထွက်သွားမှာမို့ ဒိီငွေတွေကို ဆေးရုံအုပ်ကပဲယူထားလိုက်ပါ"

ကျွန်တော်လည်းမာနနဲ့လူပဲမို့
ရှင်းရှင်းသာပြောပြီး
ပစ္စည်းတွေသိမ်းဖို့ ကိုယ့်အခန်းကိုယ်ပြန်လာခဲ့သည်။

မခံချင်စိတ်တွေကပြည့်နှက်နေပေမယ့်လည်း
မနည်းမြိုသိပ်ထားရင်း
ပစ္စည်းတွေကိုကတ်ထူပုံးထဲထည့်သိမ်းနေတုန်းမာပင်

" ဟျောင်း.. ဟင်"

အခန်းထဲဝင်လာသော
ထယ်ယောင်းသည်ပစ္စည်းတွေသိမ်းနေသော
ဟိုဆော့ကြောင့်ကြက်သေသေသွားခဲ့သည်

" အက်တာဘာလုပ်နေတာလဲ"

ကျွန်တော် ဟျောင်းအနားသွားကာ
မေးလိုက်တော့ ကျွန်တော့်မေးခွန်းကိုဟျောင်းကမဖြေပါ
ပစ္စည်းတွေတစ်ခုပြီးတစ်ခုကောက်သိမ်းနေ၏

" ဟျောင်း..ကျွန်တော်မေးနေတယ်လေ"

ကျွန်တော် ဟျောင်းရဲ့လက်ကိုဆွဲကာတားလိုက်တော့
ဟျောင်းက ကျွန်တော့်ကိုခပ်တင်းတင်းကြည့်ကာ

မောင်ဟုခေါ်သည် season-1 "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now