23

5.6K 680 105
                                    

မောင်ဟုခေါ်သည် ( 23)

အ်ိမ်ထဲကိုအသက်မဲ့တဲ့ခြေလှမ်းတွေနဲ့ဝင်လာသောမောင်ဟာ
မျက်ဝန်းတွေထဲမှာမျက်ရည်စတွေပြည့်နှက်ခြံရံလျှက်
မောင်ဘယ်လောက်နာကျင်နေရှာမလဲ
မိခင်တစ်ယောက်လုံးကိုဆုံးရှုံးလိုက်ရတာဟာ
သားသမီးတစ်ယောက်အတွက်ကောင်းကင်ပြိုသလိုပါပဲ
မောင်ဟာအခုတော့ကောင်းကင်မဲ့သွားတဲ့ငှက်ငယ်တစ်ကောင်
စိတ်မပူပါနဲ့ မောင့်မှာခိုနားစရာ
သစ်တစ်ပင်တော့ရှိပါသေးတယ်မောင်ရယ်
ကျွန်တော်မောင့်အနားသွားပြီး
မောင့်လက်ကလေးကိုဆွဲလိုက်ကာ

"မောင်အရမ်းပင်ပန်းနေပြီလား"

ကျွန်တော်မေးလိုက်တော့မောင်က
အရည်လဲ့နေတဲ့မျက်ဝန်းတစ်စုံနဲ့ကျွန်တော့်မျက်နှာကို
ကြည့်လာသည်မောင့်အကြည့်တွေထဲမှာအရင်လိုကျွန်တော်အပေါ်မုန်းတီးစိတ်တွေမရှိတော့ဘူး...အဲ့ဒီ့အစား ကြေကွဲဝမ်းနည်းရိပ်တွေကိုအစားထိုးပန်ဆင်ထားလေရဲ့

" ငါ့ကိုလာမရှုပ်နဲ့ "

ခပ်ပျော့ပျော့လေသံကလေးနဲ့ပြောပြီး
ကျွန်တော့်လက်တွေကိုဖယ်ချကာ
လှေကားပေါ်.နှေးကွေးစွာတက်သွားသော
မောင့််ကျောပြင်လေးကိုကျွန်တော်ငေးကြည့်နေမိသည်။
မောင်ဟာကျွန်တော့်ကိုစိတ်ဆိုးနေတုန်းပဲထင်ပါရဲ့
မောင်ဟာ သူ့အမေသေရတာကျွန်တော့်ပေါ့ဆမှုကြောင့်လို့
ဆိုပြီးကျွန်တော့်ကိုထိုနေ့က အလွန်ဒေါသထွက်ပြီး
ခါးသီးနေခဲ့တာ ရက်လည်နေ့ကိုတောင် ကျွန်တော့်ကိုပေးမလိုက်ခဲ့ပါ
မောင်အခုလိုနာကျင်နေရတာဟာ.ကျွန်တော်နာကျင်နေရသလိုပဲဆိုတာမောင့်ကိုသိပ်သိစေချင်ပါရဲ့

"ဟူး "

ကျွန်တော်သက်ပြင်းမောလေးချပြီး
မီးဖိုထဲဝင်ပြီး မောင့်အတွက်သံပုရာရည်လေးတစ်ခွက်ဖျော်ကာ
အဒေါ်ကြီးကိုမောင့်အခန်းထဲပို့ပေးဖို့တောင်းဆိုရလေသည်
အခုချိန်မောင့်ရှေ့သွားရင်မောင့်ဒေါသတွေကိုပဲကျွန်တော်ခါးစည်းခံရမှာမဟုတ်ပါလားဒီလိုအချိန်မှာမောင့်ကို စိတ်မညစ်စေလိုတာကြောင့်ကျွန်တော်ရှောင်နေပေးဖို့သာဆုံးဖြတ်လိုက်သည်။

မောင်ဟုခေါ်သည် season-1 "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now