20

5.8K 694 134
                                    

မောင်ဟုခေါ်သည် ( 20 )

ကျွန်တော်ဘာတွေလုပ်လိုက်မိပြီလဲ
ထပ်ပြီးသူ့ကိုထိခိုက်အောင်လုပ်ခဲ့မိပြန်ပြီလေ

မျက်စိရှေ့မှာပုံရက်သားလဲကျနေတဲ့ထိုလူသားကို
ကျွန်တော်ထွေးပွေ့ပေးဖို့ရာသိပ်နောက်ကျသွားခဲ့ပြီ
ထိုလူသားဟာတစ်စုံတစ်ဦးရဲ့ရင်ခွင်ထဲမှာ
အပိုင်သိမ်းခံလိုက်ရပြီး

" မင်လေး!!!''

အသိလွတ်နေတဲ့ကျွန်တော့်စိတ်တွေပြန်လည်စွဲကပ်လာချိန်
ထိုလူသားဘေးနားထိုင်ချကာ
ထိတွေရန်လုပ်တော့
ခပ်ပြင်းပြင်းပုတ်ထုတ်ခံလိုက်ရတဲ့
ကျွန်တော့်လက်တစ်ဖက်

" ထွက်သွားစမ်း"

ထိုလူသားကိုတင်းနေအောင်ဖက်ထားရင်း
ကျွန်တော့်က်ိုစူးစူးရဲရဲကြီးကြည့်နေတဲ့
ကင်နမ်ဂျွန်ရဲ့မျက်ဝန်းတွေကတကယ်ကို
ကြောက်စရာ

" လူယုတ်မာကောင် မင်းရဲ့ညစ်ပတ်တဲ့လက်တွေနဲ့ငါ့မင်လေးကိုလာမထိနဲ့....ပိုးမွှာလိုကောင်"

" သူ.."

ကျွန်တော်သူ့မျက်နှာလေးကိုထပ်ထိဖို့ကြိုးစားတော့
ကင်နမ်ဂျွန် က သူ့မျက်နှာလေးကို
ရင်ခွင်ထဲအတင်းထည့်ဖွက်ပစ်သည်

" ခင်များကျုပ်ယောက်ျားကိုအခုလွတ်..သူ့ကိုကျုပ်ပဲထိမယ်"

"မင်းရဲ့ရွံစရာပါးစပ်ကနေ မင့်ကိုယောက်ျားလို့မသုံးနဲ့"

ကျွန်တော့်က်ိုခပ်တင်းတင်းပြောပြီး
သူ့ကိုယ်လေးကိုပွေ့ချီပြီးအိမ်ထဲကနေ
အပြင်ထွက်သွားသောကင်နမ်ဂျွန်

ကျွန်တော်လှေကားရင်းမှာပဲငုတ်တုတ်ထိုင်ရက်သား
ငေးကြည့်နေမိသည်
ကျွန်တော်သိတာတစ်ခုထဲ
ရင်တွေအရမ်းနာတယ်
........................
.......................................။
" ဘယ်လိုဖြစ်တာလဲကင်နမ်ဂျွန်ရာ မင်းနဲ့မင်းယောက်ျားကတော့
ငါ့ဆေးရုံမှာတော်တော်ပျော်နေပုံပဲတစ်ယောက်တလှည့်ကိုလာနေကြတာ"

" လှေကားပေါ်ကပြုတ်ကျတာပါ"

"ကျစ်..ဦးခေါင်းပိုင်းထိခိုက်လို့မရတာသိရက်နဲ့ကွာ..မင်းကသေချာဂရုမစိုက်ဘူးလား"

မောင်ဟုခေါ်သည် season-1 "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now