🍨1🍨
11.5K 589 5
Zawgyi
"သော်ဒါ ထတော့ ဦးငယ်အလုပ်ကိုသွားတော့မယ် မနက်စာ
လုပ်ထားပေးခဲ့တယ်....ဒီနေ့က တက္ကသိုလ်ကျောင်းကို ကျောင်းသွင်းဖို့သွားရမှာမလား... တက္ကစီဖို့ ငွေအပိုထားခဲ့ပေးတယ်နော်... ကျောင်းကိုသွားရင် မနက်စာစားဖို့မမေ့နဲ့အုန်း ကြားလား..."
"အားးးး အလုပ်ကိုသွားပါတော့... ဦးငယ်ဒီလိုစကားတွေ့
များနေတာ မိန်းမမရဘဲယေကျာ်းကိုဘဲရလိမ့်မယ်"
"အင်း...သော်ဒါနိုးရင်ထတော့ ဦးငယ်ကယောကျာ်းယူလဲ
သောါကိုမိတ်ကပ်လိမ်းပေးမယ့် "အစွဲ"ဆိုင်ကမိတ်ကပ်
လိမ်းအတော်ဆုံး"မိမိသော်"ကိုယူရမှရမယ်ထင်တယ်"
"အားးးး ယူချင်တဲ့သူကိုသာယူလိုက်လိုက်ပါတော့  သွားပါတော့... "
"ဟားဟား...ကလေးမလေး ပြန်မအိပ်နဲ့နော် ဦးငယ်သွားတော့မယ်"
"ဟုတ်ကဲ့ပါ ကြွပါရှင့် "
ဦးငယ်ထွက်သွားသည်နဲ့ သော်ဒါသည်လဲ အိပ်ယာထဲပြန်လှဲ
ပြီးနောက်တစ်ရေးလောက်အိပ်ဖို့ကြံလိုက်လေသည်။ ထိုအချိန်၌
📲📲📲
"Hello"
"သော်ဒါ ပြန်မအိပ်နဲ့ "
"အားးးး မျက်နှာသစ်ဖို့လုပ်နေပါပြီး"
"ဟုတ်ပြီး... ဟုတ်မဟုတ်နောက်တစ်ခေါက်ပြန်ဖုန်းခေါ်
ကြည့်မှာနော်"
"အွန်း"
သော်ဒါကသူ့ဦးလေးအကြောင်းကိုသိသည်။ ဦးငယ်ကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာကြောင့် အိပ်ယာကနေ ညည်း
ညူစွာထလိုက်ပြီးတော့ မျက်နှာသစ်ခြင်း တာဝန်ကိုစလုပ်တော့လေသည်။
သော်ဒါရဲ့မိခင်က ဗာမာလူမျိုးဖြစ်ပေ့မယ် အဖေဖြစ်သူက
တိုင်းရင်းသား(ရခိုင်)ဖြစ်လေသည်။မိခင်ဖြစ်သူက ရခိုင်ပြည်
နယ်သံတွဲဘက်မှာ အလုပ်တာဝန်ကျနေခိုက်မှာ သော်ဒါရဲ့
ဖခင်နဲ့မေတ္တာမျှလျက် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ဖခင်ဖြစ်
သူက သံတွဲသားဖြစ်တာကြောင့် သော်ဒါမိခင်က သော်ဒါဖခင်
နဲ့အိမ်ထောင်ကျပြီးနောက်မှာ သံတွဲမှာနေထိုင်ခဲ့လေသည်။
သော်ဒါရဲ့မိခင်ဖြစ်သူမှာ မိဘများကသော်ဒါမိခင်ငယ်စဉ်က
တည်းကကွယ်လွန်သွားခဲ့ကြတာကြောင့် သော်ဒါမိခင်မှ
မိသားစုဝင်ဖြစ်သည့် သော်ဒါရဲ့ဦးလေးငယ်( ကျော်ပိုင်ဟိန်း)
ဆို ​မောင်လေးငယ်တစ်ဦးသာရှိလေတော့သည်။