🍨16🍨
3.9K 318 6
Zawgyi ver
"Hello သော်ဒါ...ဟိုလေအကူအညီတစ်ခုတောင်းလို့ရမလား"
"ရ....ရပါတယ်....ကိုဝနက ဘာများအကူအညီတောင်းချင်လို့လဲ"
"ဟိုလေ....မင်းရဲ့ဦးငယ်ကလေ ဘာလိုရုပ်ရှင်မျိုးကိုသဘောကျလဲဟင့်.... မင်းဦးငယ်နဲ့ရုပ်ရှင်ကြည့်ဖို့ချိန်းထားလို့"
သော်ဒါ ဦးငယ်ပြောင်းလှဲနေပုံတွေ့ကိုသူမသိနေသည်။ဦးငယ်ယခင်ကဆို ဖုန်းကို ဖုတ်ထားငပိရှစ်မှန်းမသိ(ရခိုင်စကားပုံကို ရခိုင်ဘာသာဖြင့်ရေးသားထားပါတယ်) တဲ့လူတစ်ယောက်အလာပင်ပြီးတော့ဖုန်းကို ဖုန်းပြောစကားပြောရုံ ၅မိနစ်လောက်fbကြည့်ရုံကလွဲပြီးတော့ ဖုန်းကိုစိုက်ကြည့်မနေတတ်ပေ။သို့သော် ယခုသည်ကား အချိန်တိုင်းဖုန်းကိုစိုက်ကြည့်နေတတ်ပြီး
တော့ notice လေးတစ်ခုဝင်လာတိုင်းမှာ ပြုံးစိစိနဲ့ဖုန်းကိုကြည့်လျက် အခုမှရင်စခုန်ဖူးတဲ့အပျိုဖျန်းလေးသဖွယ် စာလုံးလေးငယ်များကို အချက်ပေါင်းသိန်းသန်းများစွာနဲ့ရိုက်နေတတ်သည်။ ထို့ကြောင့်ဦးငယ် ရည်းစားရနေပြီဖြစ်ကြောင့်သော်ဒါယူဆထားသည်။
လူပျိုကြီးရည်းစားရသွားလဲ နားအေးတာပေါ့ဆိုတဲ့အတွေးလေးနဲ့ စိတ်ဖြေသိမ့်နိုင်ပေ့မယ်.... စီနီယာအစ်ကိုကြီးကကျွန်မဆီကိုဖုန်းခေါ်ပြီး...ဘာကြောင့် ဦးငယ်အကြောင်းကိုလာမေးနေရတာလဲ.....ရှင့်တို့ရိုးရော့ရိုးကြသေးရဲ့လား....
"Hello သော်ဒါ....ကြားရလား...လိုင်းကျသွားတာလား"
"ကြားကြားရပါတယ်....ဟုတ်...ဦးငယ်က japan anime ကားတွေ့ကိုသဘောကျပါတယ်..."
"အာ...ကျေးဇူးဘဲနော် ကိုယ်မင်းတို့အိမ်လာရင်မင်းအတွက်ကြက်ကြော်ဝယ်လာပေးမယ်"
"ဟုတ်ကျေးဇူးပါ....ဒါနဲ့လေ....ညီမတစ်ခုလောက်မေးလို့ရမလားဟင့်...."
"အင်း...ဘာမေးမလိုလဲမေးလေ...."
"ဟိုလေ...ဦးငယ်နဲ့ ကိုဝနနဲ့ရင်းနှီးကြတယ်ဆိုတော့လေ...ဟို...အခုတလောဦးငယ်အမူအရာကထူးဆန်းနေတယ်
ရည်းစားလေးဘာလေးများ ရနေပြီလားလို့...အဲအကြောင်းကို
ရော့ကိုဝနသိများနေမှလားလို့"