Extra🎀3🎀
3.8K 245 5
Zawgyi ver
....ဒါလေးကတော့ တကယ်နောက်ဆုံး အပိုင်းလေးဘဲဖြစ်ပါတယ် အားလုံးကိုဒီ အပိုင်းလေးနဲ့အတူနူတ်ဆက်ခဲ့ပါတယ် ခင်ဗျားလေးတို့ရဲ့ စိတ်ကိုခဏလောက်လေးဖြစ်ဖြစ် ဝန်သော်ဇင်နဲ့ ကျော်ပိုင်ဟိန်းဆိုတဲ့ ဇာတ်ကောင်ငယ်တို့က ပျော်ရွှင်ကြည်နူးဖို့ကောင်းအောင်လုပ်ပေးခဲ့နိုင်ရင် ကိုယ်ကျေနပ်ပါပြီ....
.................
"ဒီဒီ...."
"သား မန်းမန်းစားနေတုန်းမဆော့ရကြဘူးလေကွာ"
"ဒီဒီ...."
"ဟုတ်ပါတယ်...ဟုတ်ပါတယ် ဒယ်ဒီက ခဏနေအိမ်ပြန်လာ
တော့မှာပါ ဟုတ်ပြီလား... သားလေးကလိမ္မာပါတယ်ကွာ..
မန်းမန်း တပန်းကန်လောက်ကုန်အောင်စားရအောင်နော်"
"မမ... "
"မစားလို့မရဘူး... ဒါဆိုပါးပါးက ဒယ်ဒီကိုတိုင်ပြောလိုက်မှာနော် မန်းမန်းလဲမစားဘူးလို့..ဒါကြောင့်သကြားဝယ်မကျွေးနဲ့လို့ပြောလိုက်မှာနော်"
"အွင်း...မ..."
"မပြောရဘူးလား...ဒါဆိုမန်းမန်းစားရမယ်"
"မန်းမန်း..."
"အို့... ပိစိလေးက လိမ္မာလိုက်တာ... အာ..ပါးစပ်လေးဟပါအုန်း...အာ"
ကျော်ပိုင်ဟိန်း ထမင်းလုတ်လေးကိုသွားကလေး သုံးလေးချောင်းနဲ့ဝါးနေတဲ့အသေးလေးကိုပြုံးပြီးကြည့်နေမိသည်။
သူသားလို့သာပြောတာ သူနဲ့ရုပ်ရည်အကျင့်တွေ့ကတစ်စက်မှမတူဘဲ အကုန်လုံးက ဝနနဲ့သာတူနေခဲ့သည်။
သူ့ဗိုက်ထဲမှာအသေးလေးရှိနေပြီလို့သိလိုက်ရတော့မယုံကြည်
နိုင်ဖြစ်သွားခဲ့တယ်။ သူကယောကျာ်းတစ်ယောက်ဖြစ်တာက ပြင်းပြင်းထန်ထန်လူပ်ရှားမူတွေ့က ရှောင်ကြည်ဖို့ဆရာဝန်ကသေချာမှာခဲ့တာကြောင့် ဝနကသူကိုအိမ်မှာသာအေးအေးသက်သာနေစေခဲ့သည်။ ဝနက ကျော်ပိုင်ဟိန်း သူ့ကိုယ်သူဂရုမစိုက်နိုင်မှာစိုးတာကြောင့် ဝနမိဘအိမ်ကအိမ်အကူအဒေါ်ကြီး
ကိုသူအိမ်သို့လာရောက်လုပ်ကိုင်ရန်ခေါ်ဆောင်ထားခဲ့သည်။
သူအစက ကိုယ်ဝန်နေတယ်ဆိုတဲ့စကားကိုလက်ခံဖို့ခက်နေပေ့မယ်တဖြည်းဖြည်း သူမှာတကယ်ကိုယ်ဝန်ရှိနေကြောင့်ပိုသေချာလာခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဝနနဲ့ကြာကြာကြီးမခွဲနိုင်ပေ။ ထို့ကြောင့်ကုမ္ပဏီသို့ဝနနဲ့လိုက်သွားပြီးတော့ ဝနရုံးခန်းမှာ အိပ်လိုက်စားလိုက်နဲ့ ရုံးခန်းကဆိုဖာကိုသူအပိုင်ယူ
ထားတတ်သည်။ပြီးတော့ အစားအသောက်လဲအလွန်တရာမှကြီးလားပြီးတော့ အချိုအစပ်တွေ့အငံအချဉ်တွေ့ကို တစ်ရက်မှာတစ်ခုလောက်မစားရရင် ထိုင်ငိုချင်သည့်အထိ ဝမ်းနည်း
တတ်လာသည်။