🍨4🍨
4K 417 7
Zawgyi
📩"ကိုဟိန်း အိမ်ပြန်ရောက်ပြီးလား"
📩"ဟာဗျာ...seeပြပြီးဘာလို့ စာမပြန်တာလဲလို့"
📩"ကိုဟိန်းလို့... အဲလိုမျိုးမချေပါလားဗျာ"
ထိုနေ့က ညစားကိုသော်ဒါရယ်သူရယ် ထိုလူငယ်လေးရယ်အ
တူစားသောက်ပြီးကြပီနောက်မှာတော့ ထိုလူငယ်လေးကသူတို့ကို အိမ်ပြန်လိုက်ပို့ပြီးနောက် ဖုန်းနံပတ်တွေ့ချင်း ဖလှယ်
ထားခဲ့သည်။ ထိုလူငယ်လေးက ထိုနေ့ကစပြီးတော့နေ့တိုင်း
လိုလိုစာပို့တတ်သည်။ သူဘက်ကစာပြန်မပိုမချင်းစာတွေ့ပို့
တတ်တယ် သူစကားတစ်ခွန်းပြန်လိုက်တာနဲ့ ထိုလူငယ်လေး
က မေးခွန်းတွေမပြတ်တမ်းမေးတတ်ပြန်တယ်။
အရင်ကသူအလုပ်ကပြန်လာတာနဲ့ တူမဖြစ်သူကသူငယ်ချင်း
တွေ့ဆီသွားနေတတ်တယ် ဒါမှမဟုတ်အခန်းထဲမှာအောင်းနေ
တတ်တာကြောင့် ညစာအတူစားကြမှသာအတူဆုံဖြစ်လျက်
စကားတွေ့အနည်းငယ်သာပြောဖြစ်သည်။ သော်ဒါကထမင်း
စားသောက်ပြီးတာနဲ့ သူ့အခန်းကိုသူ့ပြန်သွားနေတာကြောင့်
ကျော်ပိုင်ဟိန်း ရဲ့အဖော်က အိမ်ရှေ့ခန်းကTVငယ်လေးသာ
ဖြစ်နေခဲ့သည်။
ယခုအခါမှာတော့ ထိုကောင်လေးငယ်ဆီကပို့ဆောင်နေသည့်
စာစောင်လေးငယ်များကို ထိုင်ဖတ်လျက် အကောင်းဆုံးဖြစ်
စေမယ့်အဖြေကိုရှာဖွယ်နေတတ်တယ်
"ဟင့်ငါ....စဉ်းစားနေလို့ပါ"📨
သူထိုကောင်လေးကိုပို့လိုက်သည့်နဲ့ ချက်ချင်းsee ပြပြီး​တော့စာပြန်လာခဲ့သည်။
📩"ဒါဆိုဘာလို့ကျွန်တော်ပြောတာတွေ့ကိုပြန်မပြောရတာလဲ... ဟင့်...ကိုဟိန်းကြောင့် ကျွန်တော်အရမ်းဝမ်းနည်းလာ
သလိုခံစားနေရတယ်"
"ကိုယ်....ကိုယ်​တောင်းပန်ပါတယ်...မရည်ရွယ်ပါဘူး"📨
📩"ဒါဆို ဖုန်းပြောလို့ရလား...မငြင်းလိုက်ပါနဲ့...ကျွန်တော်
ကိုဟိန်းအသံလေးကိုကြားချင်လို့ပါ"
ဝနဆိုတဲ့ကောင်လေးငယ်က အမြဲသူနဲ့ဖုန်းပြောဖို့တောင်းဆို
တတ်ပေ့မယ် သူကတော့မပြောဖို့ ငြင်းတတ်သည်။ ထိုကောင်
လေးက သူ့တူမသော်ဒါကိုလိုက်ကပ်နေတာကြောင့် ဦးလေး
ဖြစ်တဲ့သူကိုလဲ အရေးတယူလာစကားပြောနေခြင်းဖြစ်သည့်
ဟု သူတွေးနေမိသည်။ ဒါပေ့မယ်ဒီတစ်ခါတော့သူကထိုကောင်လေးကို ဝမ်းနည်းအောင်လုပ်ထားမိတာကြောင့်...
ဖုန်းမပြောချင်ဘူးဟူလဲမငြင်းရဲတော့ပေ...ထို
ကောင်လေးဆီကဖုန်းကိုလက်ခံလိုက်တယ်