🍨6🍨
3.8K 407 6
Zawgyi
"အား....ကိုဟိန်းလက်ရာကရှယ်ဘဲ... အားး
ဗိုက်ပြည့်သွားတာဘဲ... ထမင်းဖိတ်ကျွေးလို့ကျေးဇူးပါ"
"မင်းစားရတာအဆင်ပြေတယ်ဆိုလဲ ပြီးတာဘဲ..."
"ဟုတ်...ဒါနဲ့ညီမသော်ဒါ မင်းတို့မှာ ပထမလပတ်စာမေးပွဲ
စစ်တော့မလား...စာတွေ့လိုက်နိုင်ရဲ့လား"
"ဟုတ်... စီနီယာကရော့... "
"အင်း...အတန်းကြီးလာပြီးဆိုတော့လဲနည်းနည်းအခက်တွေ့
တာတွေ့တော့ရှိတာပေါ့...ကိုဟိန်း ကျွန်တော်ကြားတာက
တော့ ကိုဟိန်းက ရူပဒေဗနဲ့ ကျောင်းပြီးထားတာဆို...ကျွန်တော်နားမလည်တဲ့စာတွေ့ရှိရင်မေးလို့ရလားဟင့်"
"ငါက ကျောင်းစာတွေ့ကိုပြန်မမှတ်တော့ဘူး"
"ဟာ.....ဦးငယ်ကလဲ... စီနီယာက တကယ်အကူအညီလိုအပ်လို့တောင်းနေတာကို လက်ခံလိုက်ပါ...ဦးငယ်ကငယ်ငယ်
ကတည်းကဥာဏ်အရမ်းကောင်းတာ မှလားစာတွေ့ကိုမြင်ရင်
ပြန်မှတ်မိသွားမှာကို"
"ထားလိုပါတော့ ညီမလေး... ကိုဟိန်းကကိုယ်ကိုစာမပြချင်
မှတော့ ကိုဟိန်းကိုအခက်တွေ့အောင်မလုပ်ပါနဲ့တော့"
"အဲ....အဲ....လို"
"ဦးငယ်!!!!!"
ဝနရဲ့ အလွန်သနားစရာကောင်းလွန်းတဲ့အကြည့်နဲ့ တူမဖြစ်
သူရဲ့ အော်သံများကြောင့် ဟိန်းမှာ သူအလိုမတူဘဲ ဝနကို
စနေ တနင်္ဂနွေ စာသင်ပြပေးရသည့်အလုပ်ကိုလက်ခံပေးရ
လေတော့သည်။ ဝနကတော့ အလွန်ပျော်ရွှင်လျက်အိမ်ပြန်
သွားပြီးတော့ သော်ဒါကလဲ သူမရဲ့စီနီယာကိုအားလပ်ရက်
တွေ့မှာတောင်တွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့်ပျော်ရွှင်
နေခဲ့သည်။ မပျော်မရွှင်ဖြစ်နေသူမှာ ဟိန်းတစ်ယောက်တည်း
ပင်ဖြစ်သည်။
ဝနဆိုသည့်ကောင်လေးက သူအပေါ်အရမ်းချွဲတတ်ပြီးတော့
ခွေးပေါက်လေးလို့ ချစ်ဖို့ကောင်းပေ့မယ် သူရဲ့တူမဖြစ်သူနဲ့
မရိုးရှင်းသည့် ဆက်ဆံရေးရှိသည်။ သူအနေနဲ့ထိုကောင်လေးကို သူအိမ်ကိုအဝင်အထွက်အကန့်အသတ်မရှိ ခွင့်ပြုပေးလိုက်ရင် သူရဲူ့တူမဖြစ်သူနဲ့ထိုကောင်လေးက အရွယ်မရောက်
ခင်ညားသွားကြမှာကိုစိုးရိမ်လှသည်။