Note (8.2.2021)

4K 242 17
                                    

Zawgyi

အခု လတ္တေလာျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေျခအေနေတြေၾကာင့္ သာသာ စာေရးခ်င္စိတ္အလ်င္းမရွိေတာ့၍ စာဖတ္သူတို႔ကိုေတာင္းပန္ပါရေစ။ အစက ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကိုေျပာၾကားလိုျခင္းမရွိေပမဲ့ အခု နိုင္ငံေရးကိစၥမ်ားႏွင့္စပ္လ်င္းၿပီး အနည္းငယ္မွ်ေျပာျပပါရေစ။ သာသာဟာ Civil Disobedient Movement (CDM) ကိုအျပည့္အဝ အားေပးေထာက္ခံပါတယ္။ သာသာ ကိုယ္တိုင္ကလည္း ဆရာဝန္တစ္ေယာက္ပါရွင့္။ ဒီႏွစ္အစိုးရ ဆရာဝန္အျဖစ္တာဝန္ထမ္းဖို႔ဆုံးျဖတ္ထားတဲ့သူတစ္ေယာက္ပါ။ ဒီလိုဆုံးျဖတ္ထားခ်ိန္ ႐ုတ္တရက္ အၾကမ္းဖက္ စစ္အာဏာသိမ္းမႈႀကီးေပၚေပါက္လာခဲ့ပါတယ္။ သာသာႏွင့္တကြ ၅၄ သန္းေသာျမန္မာျပည္သူလူထုရဲ႕ စိတ္ကူးအိပ္မက္မ်ားဟာ ခ်က္ခ်င္းဆိုသလိုရိုက္ခ်ိဳးခံခဲ့ရပါတယ္။ ဒီလိုအၾကမ္းဖက္ စစ္အာဏာသိမ္းမႈကိုအျပင္းအထန္ ဆန႔္က်င္ကန႔္ကြက္ပါတယ္။ စစ္အာဏာရွင္လက္ေအာက္တြင္တာဝန္ထမ္းလိုစိတ္လည္း စိုးစဥ္းမွ်မရွိသည့္အတြက္ CDM ကိုအျပည့္အဝ ေထာက္ခံအားေပးပါတယ္။ သာသာတို႔ရဲ႕ က်န္းမာေရးဝန္ထမ္းမ်ားကအစျပဳလိုက္တဲ့ CDM ဟာလည္းဒီကေန႕မွာ အေတာ္ေလးေအာင္ျမငိထိေရာက္ပါတယ္လို႔ေျပာပါရေစ။ အစိုးရဝန္ထမ္း အမ်ားအျပား ပါဝင္လာၾကပါတယ္။စာဖတ္သူမ်ားထဲတြင္လည္း ဝန္ထမ္းမ်ားရွိပါက CDM ကိုလုပ္ေဆာင္ၾကဖို႔ ဒီကေနတိုက္တြန္းလိုက္ပါတယ္ရွင္။ သာသာတို႔အားလုံးရဲ႕စုေပါင္းခြန္အားနဲ႕ စစ္အာဏာရွင္စနစ္ကို အၿပီးသတ္တိုက္ထုတ္နိုင္မယ္လို႔ယုံၾကည္ပါတယ္။ အေမစု သမၼတႀကီးႏွင့္တကြ အဖမ္းဆီးခံ အမတ္မ်ားအားလုံးလြတ္ေျမာက္ၿပီး ျမန္မာနိုင္ငံေတာ္ႀကီးလည္း ဒီမိုကေရစီလမ္းကို အျမန္ဆုံးျပန္လည္ေလွ်ာက္လွမ္းနိုင္ပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္ရွင္။

unicode

အခု လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် သာသာ စာရေးချင်စိတ်အလျင်းမရှိတော့၍ စာဖတ်သူတို့ကိုတောင်းပန်ပါရစေ။ အစက ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပြောကြားလိုခြင်းမရှိပေမဲ့ အခု နိုင်ငံရေးကိစ္စများနှင့်စပ်လျင်းပြီး အနည်းငယ်မျှပြောပြပါရစေ။ သာသာဟာ Civil Disobedient Movement (CDM) ကိုအပြည့်အဝ အားပေးထောက်ခံပါတယ်။ သာသာ ကိုယ်တိုင်ကလည်း ဆရာဝန်တစ်ယောက်ပါရှင့်။ ဒီနှစ်အစိုးရ ဆရာဝန်အဖြစ်တာဝန်ထမ်းဖို့ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပါ။ ဒီလိုဆုံးဖြတ်ထားချိန် ရုတ်တရက် အကြမ်းဖက် စစ်အာဏာသိမ်းမှုကြီးပေါ်ပေါက်လာခဲ့ပါတယ်။ သာသာနှင့်တကွ ၅၄ သန်းသောမြန်မာပြည်သူလူထုရဲ့ စိတ်ကူးအိပ်မက်များဟာ ချက်ချင်းဆိုသလိုရိုက်ချိုးခံခဲ့ရပါတယ်။ ဒီလိုအကြမ်းဖက် စစ်အာဏာသိမ်းမှုကိုအပြင်းအထန် ဆန့်ကျင်ကန့်ကွက်ပါတယ်။ စစ်အာဏာရှင်လက်အောက်တွင်တာဝန်ထမ်းလိုစိတ်လည်း စိုးစဉ်းမျှမရှိသည့်အတွက် CDM ကိုအပြည့်အဝ ထောက်ခံအားပေးပါတယ်။ သာသာတို့ရဲ့ ကျန်းမာရေးဝန်ထမ်းများကအစပြုလိုက်တဲ့ CDM ဟာလည်းဒီကနေ့မှာ အတော်လေးအောင်မြငိထိရောက်ပါတယ်လို့ပြောပါရစေ။ အစိုးရဝန်ထမ်း အများအပြား ပါဝင်လာကြပါတယ်။စာဖတ်သူများထဲတွင်လည်း ဝန်ထမ်းများရှိပါက CDM ကိုလုပ်ဆောင်ကြဖို့ ဒီကနေတိုက်တွန်းလိုက်ပါတယ်ရှင်။ သာသာတို့အားလုံးရဲ့စုပေါင်းခွန်အားနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်တိုက်ထုတ်နိုင်မယ်လို့ယုံကြည်ပါတယ်။ အမေစု သမ္မတကြီးနှင့်တကွ အဖမ်းဆီးခံ အမတ်များအားလုံးလွတ်မြောက်ပြီး မြန်မာနိုင်ငံတော်ကြီးလည်း ဒီမိုကရေစီလမ်းကို အမြန်ဆုံးပြန်လည်လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။

You've reached the end of published parts.

⏰ Last updated: Feb 08, 2021 ⏰

Add this story to your Library to get notified about new parts!

Mo Dao Zu Shi extra chapters and extension parts Where stories live. Discover now