Taiwan extra part-1 (ထိုင်ဝမ်အချပ်ပို အပိုင်း၁)

12.1K 593 24
                                    

Warning 🚫🚫🚫🔞🔞🔞


ဒီအချပ်ပို မှာ ၁၈+ အခန်းတွေပါတာကြောင့် ဖြူဖြူစင်စင်ရိုးရိုးသားသား စာဖတ်သူများနှင့် အသက်မပြည့်သေးသောစာဖတ်သူများ ကျော်သွားနိုင်ရန် ကြိုတင် သတိပေးလိုက်ရပါတယ်။

Zawgyi version

အချိန်မှာ ည၉နာရီကျော်ရှိနေပြီဖြစ်ပေမယ့် သူ
ပြန်မရောက်လာသေးချေ။

စားပွဲပေါ်တွင်ထွန်းညှိထားသော စက္ကူမီးအိမ်လေးမှာထွန်းလင်းနေဆဲပင်ဖြစ်သည်။ လန်ဝမ့်ကျီးတစ်ယောက် မီးအိမ်မှ မှုန်ပြပြအလင်းရောင်ကို မမှိတ်မသုန်ထိုင် ကြည့်နေလေသည်။

ခဏအကြာတွင် ကျင်းရှီ၏တံခါးအဝသို့လမ်းလျှောက်ကာ သစ်သားတံခါးကိုဆွဲဖွင့်လိုက်သည်။

အတန်ကြာရပ်စောင့်နေ၏။ သူအပြင်သို့လှမ်းရန်ပြင်
နေစဉ် အနောက်မှခြေသံတစ်ခုကို ကြားလိုက်ရသည်။

လန်ဝမ့်ကျီးတစ်ယောက် ချက်ချင်းပင် နောက်သို့လှည့်ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်မှာ ပွင့်နေသော ပြတင်းတစ်ခါးတစ်ချပ်သာ။ ပြတင်းတံခါးမှာ လေအဝှေ့ တွင်လှုပ်ယမ်းနေလေ၏။ အိပ်ယာခင်းအောက်တွင် ဘောလုံးကဲ့သို့ ထူးဆန်းသောအလုံးပုံသဏ္ဌာန်ကိုမြင်လိုက်ရသည်။ ပွင့်ဟနေသော ပြတင်းတံခါးဆီမှ အိပ်ယာခင်းအောက်သို့ လှိမ့်ဝင်လာဟန်တူသည်။

ခဏတာ ငြိမ်သက်နေပြီးနောက် လန်ဝမ့်ကျီးဟာ တံခါးကို ညင်သာစွာပိတ်လိုက်သည်။ အခန်းထဲသို့ ဝင်လာပြီး မီးအိမ်ကို ငြှိမ်းသက်ကာ အိပ်ယာမဝင်ခင် ပြတင်းတံခါးကိုပိတ်လိုက်လေသည်။

ကြီးမားသောအလုံးပုံသဏ္ဌာန် ဘေးတွင်လှဲလျောင်းလိုက်၏။ အိပ်ယာခင်းစအချို့ကို သူ့ပေါ်သို့ဆွဲခြုံကာ မျက်လုံးများကိုမှိတ်လိုက်သည်။

Mo Dao Zu Shi extra chapters and extension parts Where stories live. Discover now