ယွင်မုန့်မြို့ (အပိုင်း - ၃ ကွင်းပစ်ကစားနည်း)

8.4K 646 30
                                    


Zawgyi version

စားသောက်ဆိုင်မှထွက်ခွာလာပြီးနောက် ဈေးတန်းတစ်လျှောက် လည်ပတ်ကြည့်ရှုနေစဉ် လူတစ်စု၏ အော်သံကိုကြားလိုက်ရသည်။ သေးငယ်သောပစ္စည်းလေးများအား ခင်းကျင်းပြသထားသော ဆိုင်ငယ်လေးတစ်ခုတွင် လူအများအပြားစုဝေးနေကြ၏။ လူတစ်ယောက်ချင်းစီ ကွင်းပစ်ကစားနေသည်ကိုတွေ့မြင်နေရသည်။

ဝေ့ဝူရှန့်က "ကောင်းသားဘဲ" ဟုဆိုကာ လန်ဝမ့်ကျီးအား ဆိုင်ရှင်ရှိရာသို့ဆွဲခေါ်သွားလေသည်။ ဆိုင်ရှင်မှပေးလိုက်သော ကွင်းသုံးကွင်းကိုယူကာ မေးလိုက်သည် "လန်ကျန့် မင်းအရင်တုန်းက ကွင်းပစ်ကစားဖူးလား?"

လန်ဝမ့်ကျီးက ခေါင်းခါလိုက်သည်။ ဝေ့ဝူရှန့် "မင်းကတော့ ဘာမှကိုမကစားဖူးဘူး။ ဒါကလွယ်ပါတယ် ငါမင်းကိုရှင်းပြမယ်။ ဒီကကွင်းတစ်ခုကိုယူ နောက်ကိုခြေလှမ်းနည်းနည်းဆုတ် ပြီးရင် ကွင်းကိုပစ္စည်းတစ်ခုခုပေါ်ကိုပစ်လိုက် ကွင်းစွပ်မိသွားတဲ့ ဘယ်အရာမဆို မင်းဟာ ဖြစ်သွားပြီ"

လန်ဝမ့်ကျီးက နောက်မှလိုက်ပြောသည် "ကွင်းစွပ်မိသွားတဲ့ဘယ်အရာမဆို ငါ့ဟာဖြစ်ပြီ"

ဝေ့ဝူရှန့် "အမှန်ပဲ။ မင်းဘယ်ဟာလိုချင်လဲ? မင်းဘာဘဲလိုချင်ချင် ငါရအောင်ယူပေးမယ်"

လန်ဝမ့်ကျီး "မင်းသဘောအတိုင်းပါဘဲ"

ဝေ့ဝူရှန့်ဟာ လန်ဝမ့်ကျီးရဲ့ ပုခုံးကိုဖက်လိုက်ပြီး သူ၏နှဖူးစည်း ကြိုးစလေးကိုဆွဲလိုက်သည်။ "ဟန်ကွမ်ကျွင်း ပြောပါကွာ မင်းငါ့ကိုမျက်နှာပျက်အောင်လုပ်တော့မလို့လား"

လန်ဝမ့်ကျီးက လေးလေးနက်နက်ပြောလိုက်သည် "မင်းဘယ်ပစ္စည်းရရ ငါကျေနပ်ပါတယ်"

ဝေ့ဝူရှန့်ဟာ သူ့ကိုကြောင်အမ်းအမ်းကြည့်ရင်းပြောလိုက်သည် "မင်း.. မင်းလူပုံအလယ်မှာဘယ်လိုပြောလိုက်တာလဲ"

လန်ဝမ့်ကျီးက နားမလည်စွာဖြင့်မေးလိုက်သည် "ဘာဖြစ်လို့လဲ?"

ဝေ့ဝူရှန့် "မင်းငါ့ကို စ နေသလိုဘဲ"

လန်ဝမ့်ကျီးမှ ရုပ်တည်ဖြင့် "ငါ မစ ပါဘူး"

Mo Dao Zu Shi extra chapters and extension parts Where stories live. Discover now