ချစ်ခြင်း၏အပိုင်းစများ (Part - 6)

2.1K 189 0
                                    

Zawgyi + Unicode

 
'' သည်းငယ်..... မောင်တို့လျှောက်လည်ရအောင်ကွာ နော် နော် ။ ''

ဆက်နေနိုင်တစ်ယောက် ဘယ်လိုဖြစ်နေလဲမသိ ။ မနက်ကတည်းက အဲ့သူ့postမှာ ညစေးrpပြန်သည့်ကိစ္စကိုလည်း ပြောလို့မဆုံး ။ ပြီးရင် သူ့ကိုငါနဲ့မင်းလို့မပြောပါနဲ့ဆိုပြီး လက်ကိုကိုင်ပြီး ချွဲနေ။ ဒါနောက်တစ်မျိုး ကိုယ်တီဗီကြည့်နေတုန်းဘေးနားလာကပ်ထိုင်ကာ ရုပ်ရှင်ထဲက မင်းသားနဲ့မင်းသမီး dating လုပ်တာကြည့်ရင်း ကိုယ့်ကိုချွဲကာ အပြင်သွားမည်လုပ်နေသည် ။ တစ်နှစ်ကျော်အတွင်းမှာ သူနဲ့ကိုယ်ဒီလောက်ပူးကပ်ကပ်ရှိမနေဖူးပါ ။

'' ဘာဖြစ်နေတာလဲ နေနိုင် ။ ငါရုပ်ရှင်ကောင်းကောင်းကြည့်ပါရစေ ။ ဘယ်တုန်းကမင်းငါ့ကို ဒီလိုလုပ်ဖူးလို့လဲ။ ငါကရော မင်းဆန္ဒကို ဘယ်တုန်းကလိုက်လျောဖူးလို့တုန်း ။ ''

အာ...ဟုတ်သား ဆက်နေနိုင် မင်းဘာတွေအရူးထမိပါလိမ့် ၊ ​တော်ကြာနေ ဆက်ဆံရေးက  ပြန်အေးစက်သွားဦးမယ် ။ ဟားဟား သူလက်ရှိအခြေနေကိုမေ့သွားတာပဲ ။  တွေ့လား သူကအဲ့လိုပဲ သည်းငယ်က မျှော်လင့်ချက်လေးသေးသေးလေးပေးလိုက်တာနဲ့ဆက်ရူးတော့တာပဲ ။

'' ဝှါး..... ညကအိပ်ရေးမဝလို့ မောင်သွားအိပ်ဦးမယ် သည်းငယ် ။ ''

'' မိုးဝေ တို့ဆီငါသွားလိုက်ဦးမယ် ။ အဟမ်း...လိုင်းကားစီးရင်ကောင်းမလား ။ taxiစီးရင် ကောင်းမလားနော် ။ ''

ရှောင်ထွက်သွားဖို့ မအိပ်ချင်တာကို အိပ်ချင်တယ်ဆိုပြီး လုပ်ဇာတ်ခင်းကာ ဆိုဖာမှာ ဆက်မထိုင်ပဲ ဆက်နေနိုင်ထလာလိုက်သည် ။ အပေါ်ထပ်ကို တက်မလို့ ခြေလှမ်းလှမ်းစဉ်မှာပဲ သည်းငယ်က အစ်ကိုမိုးဝေဆီသွားမည်ပြောတာကြောင့် အကြောင်းဖန်ကာ သည်းငယ်ဘေးပြန်ဝင်ထိုင်ပြီး ။

''အိုးဟို...မောင်မေ့နေတာကျန် ။ မောင့် သူငယ်ချင်းတစ်ယောက်နဲ့အဲ့ဘက်မှာတွေ့ဖို့စီစဉ်ထားတယ် ။ မောင်နဲ့လမ်းကြုံတယ် မောင်လိုက်ပို့မယ်နော် ။ ''

'' ပြောတော့ ညကမအိပ်ရလို့ သွားအိပ်မှာဆို ။ ဘယ်ကသူငယ်ချင်းနဲ့တွေ့ဖို့ရှိသွားတာလဲ ။ ''

ချစ်ခြင်း၏အပိုင်းစများ (Completed )Where stories live. Discover now