ချစ်ခြင်း၏အပိုင်းစများ (Part - 13)

2.1K 184 6
                                    

Zawgyi + Unicode

''ဘယ်မှာလဲ အစ်ကိုညစေး ''

''အပေါ်ထပ်မှာ အစ်ကိုလေး လှဲနေတယ် ။ ခေါင်းကိုက်နေလို့။ ''

''အဟင်း... ခေါင်းကိုက်ပြီပေါ့ မရှိတဲ့ရောဂါတွေဖောက်လာတာ ။ ပိုးစုန်းကြူးဖြစ်တာ လူသိသွားမှာတော့ ရုပ်ရှင်တွေ ရိုက်နေပြီ ။ ရှက်တက်ရင် အဲ့နေရာမှာ တစ်ခါတည်း အသက်ထွက်သွားရမှာ ။ ''

သန္တာလည်း ဒေါသထွက်နေသည့် မြတ်နွယ်ကိုကြည့်ကာ ကြောက်ရွံနေသည် ။ မြတ်နွယ် စိတ်တွေတအားဆိုးရသည် ။ မောင်လေးနေနိုင်သည် ထိုလူ့ကြောင့် အနာကင်းတဲ့နေ့ကိုမရှိ။ ညနေလောက်က နေနိုင် သတိလစ်သွားသည်ဟု ဖုန်းထိုးလာသည့် ဘုန်းလျှံကြောင့် စိတ်တွေပူကာ dutyကို သူငယ်ချင်း တစ်ယောက်နဲ့လဲပြီး လိုက်ခဲ့ရသည် ။ ဟိုရောက်တော့ ဘုန်းလျှံကို မေးကြည့်တော့ ပြဿနာကို သိလိုက်ရသည် ။ အစ်ကိုကြီးရန်နေပိုင်ကိုလည်း မြတ်နွယ် စိတ်ဆိုးသည်။

'' မြတ်နွယ်ရောက်နေတာလား ။ ''

လှေကားကနေဆင်းလာသည့် ညစေးဆီက ထွက်လာသည့် စကားကြောင့် မြတ်နွယ် ညစေးကိုကြည့်ကာ။

''ဘယ်လိုတောင်လုပ်လိုက်တာလဲ အစ်ကို ညစေး ။ ဒါကမဖြစ်သင့်ဘူးနော် နေနိုင်ကို မချစ်ဘူးဆိုရင်တောင် အခုလို ညီအစ်ကိုနှစ်ယောက်နဲ့ ပတ်မရှုတ်သင့်ဘူး။ အကိုကြီး ရန်နေပိုင်ကလည်း စည်းမစောင့်ဘူး ။ ''

'' အကယ်၍ အစ်ကို ညစေး နေနိုင့်ကို မပတ်သက်ချင်ဘူးဆို လက်ထက်တဲ့နေ့က ထွက်ပြေးလို့ရသည်။ နေနိုင့်ကို နာကျင်အောင် လုပ်မလို့ ရည်ရွယ်ချက်ကများပြီး ထွက်မပြေးခဲ့တာ ကိုစေး အမှား ။ ဒီကလေးအတွက် တစ်ချက်ကလေး လှည့်မကြည့်ကြဘူး။ မှားခဲ့သည့်အမှားတစ်ခုဟာ ကိုစေးတို့ချစ်ခြင်းကို ခွဲခဲ့လိုဆိုရင် နေနိုင်ကို ခါးခါးသီးသီးမုန်းမနေပဲ နေနိုင်ကို အသေသာသတ်လိုက်ကြ ။ စိတ်ကိုညှင်းဆဲမနေနဲ့ နေနိုင်လေးက ငယ်ငယ်လေးကတည်း သူချစ်ရတဲ့ ဖခင်ကြောင့် သေလုမတတ်နာကျင်ရပြီးပြီ စိတ်ကျရောဂါလည်း ခံစားခဲ့ရတာ နှစ်ချီကြာတယ် ။ ငါ့မောင်လေး အချစ်ရေးက ကံမကောင်းရှာဘူး ။ သနားလွန်းလို့ရူးတော့မယ်။ ''

ချစ်ခြင်း၏အပိုင်းစများ (Completed )Where stories live. Discover now