ချစ်ခြင်း၏အပိုင်းစများ (Part - 12)

2.1K 198 4
                                    

Zawgyi + Unicode

နောက်ဆုံးစာသင်ချိန်ဖြတ်ကာ နေနိုင်တို့သုံးယောက်သား ပန်းရောင်းသည့် ဆိုင်လေးကို ရောက်လာကြသည် ။ လွန်ခဲ့သည့် တစ်ပတ်လောက်ကတည်းကမှာထားသည့် အနီရောင်နှင်းဆီပွင့်တစ်ရာနဲ့ လုပ်ထားသည့် ပန်းစည်းကို လာယူခြင်းဖြစ်သည် ။ ပန်းဆိုင်က နှင်းဆီပန်းယူပြီး ပြန်အထွက် ရောင်လင်းသစ်က ဒီနားကဆိုင်တန်းတွေလျှောက်ကြည့်ချင်သေးသည်ဟု ဆိုသော်ကြောင့် အမောင် ဘုန်းသစ်နဲ့ နေနိုင်တို့၏ မျက်နှာမှာ လ ငါးမုန့် ဖမ်းသလိုဖြစ်သွားသည် ။

''ငါသွားချင်တဲ့ဟာကို မင်းတို့ကလည်း အမြဲအဲ့လို ငါခေါ်ရင်မျက်နှာတွေ ဆူပုတ်နေတာပဲ ။ စိတ်ဓာတ်တွေသိရလို့ ကျေးဇူးပဲ ။ ငါပြန်တော့မယ် ။ ''

ချက်ချင်းပဲ မျက်နှာထားတင်းကာ နေနိုင်နဲ့ဘုန်းလျှံကို ထိုသို့ပြောလိုက်တော့ နေနိုင်ကအရင် ရောင်လင်းသစ်ရဲ့ ပခုံးကိုလှမ်းဖက်ပြီး ။

''ချစ်သူငယ်ချင်းလေးရယ် စတာပါ ။ ဘယ်တုန်းက မင်းလျှောက်ပတ်တိုင်းငါတို့မလိုက်ဖူးလို့လဲ သွားမယ် ။ စိတ်မကောက်နဲ့တော့ ငါတို့ရဲ့အသေးလေး ''

''ေ-ာကိုအသေးလေး -ီးပဲ ''

နေနိုင်ရဲ့ စပ်ဖြဲဖြဲမျက်နှာထားကြောင့် ရောင်လင်းသစ် မျက်နှာပြန်ဝင်းလာပြီး လူအရင်းတွေပီပီသသအားရပါးရဆဲကာ ​ရောတောပေါတောနဲ့ ပြန်ရယ်​တော့သည် ။ အသေးလေး လို့ခေါ်တာ တစ်မျိုးမထင်နဲ့နော် ။ ဒီအဖွဲ့ထဲမှာ ဘုန်းလျှံက အကြီးဆုံး ဘုန်းလျှံထက်နေနိုင်က သုံးလငယ်ပြီး ရောင်လင်းသစ်က ငါးလ ငယ်တယ် ။ နေနိုင်နဲ့ကြတော့ နှစ်လငယ်တယ် ရောင်လင်းသစ်က ။ အဲ့လိုနဲ့ အငယ်ဆုံး ဖြစ်တဲ့သူကို သူများတွေခေါ်သလို အငယ်လေးလို့မခေါ်ချင်တာနဲ့ အသေးလေးဖြစ်သွားသည် ။

နေနိုင်က လာချော့နေပေမဲ့ ဘုန်းလျှံကတော့ မျက်​မှောင်ကြီးကျုံ့ထားဆဲ ။ ရောင်လင်းသစ် ကလည်း ဘုန်းလျှံရဲ့အဖြေကိုစောင့်နေသေးသည်။

'' ရောင်လင်းသစ် မင်းက မိန်းကလေးလည်း မဟုတ်ဘူး အလည်ပတ်တအားကြိုက်တယ် ၊၊ ငါတော်ရုံဆိုမပြောပါဘူး ။ မင်းက ပတ်ရင်မပြီးဘူး လေးမှတ်တိုင်လောက်ထိလမ်းလျှောက်တယ် ။ ကားရှိရဲ့သားနဲ့ လမ်းလျှောက်ပြီး ကိုယ့်ဒုက္ခကိုရှာ ။ မင်းတို့ဘာသာသွား ငါဒီပန်းဆိုင်မှာ နေခဲ့မယ် ။ ''

ချစ်ခြင်း၏အပိုင်းစများ (Completed )Where stories live. Discover now