ချစ်ခြင်း၏အပိုင်းစများ (Part - 16)

2.1K 184 1
                                    

Zawgyi + Unicode

'' မောင် ကျောင်းသွားရမှာမှတ်လား။ ''

''ဟုတ်တယ် သည်းငယ်။ ဘာလို့လဲ ။ ''

''ဘာမှမဟုတ်ပါဘူး ။ စေး ဆေးရုံသွားမလို့ မိုးဝေကောင်လေးဆိုင်ကယ်မှောက်တာ ဆေးရုံတက်နေရတယ်လေ။ ''

''မောင် လိုက်ရမလား ။ ''

''နေနေ ရတယ်မောင်။ မောင် စေး အောက်ထပ်ဆင်းတော့မယ် ။ ''

''ဟုတ် ''

ခုနကပဲ မောင်က ညစေးကို ရေချိုးခန်းထဲ ချီပြီး မျက်နှာသစ် တစ်ကိုယ်ရေ သန့်ရှင်းဖို့လုပ်ပေးပြီးပြီ ။ ညစေးအတွက်အကုန်လုံးလုပ်ပြီးမှ မောင်က ရေချိုးနေတာ ။ အခုလည်း မောင်ကရေချိုးခန်းထဲမှာကို စကားလှမ်းပြောနေကြတာ ။ တော်ကြာ ကျောင်းနောက်ကျနေမှာ စိုးလို့စကားကြောကို ရပ်လိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။

''အစ်ကိုလေးနိုးပြီလား ။ ''

''အေး သန္တာ ဟိုတစ်ရက်ကဝယ်ထားတဲ့ CPကြက်အူချောင်းရှိသေးလား ။ ''

''ရှိတယ် အစ်ကိုလေး ရေခဲသေတ္တာထဲမှာ ။ ''

''အေး ငါ့ကိုယူပေးပါ နင့်သခင်လေးအတွက်ထမင်းကြော်ပေးမို့ ။ ''

''ဟုတ် ဟုတ် ''

ညစေးလည်း သန္တာကိုခိုင်းပြီးတာနဲ့ ကြက်ဥ​ကြော်ပေးဖို့ပြင်လိုက်သည်။ ဆီဆူတဲ့အထိစောင့်ပြီး ကြက်ဥကိုဖောက်ချလိုက်သည်။ ဒယ်အိုးမီးကို အနည်းငယ်လျှော့ထားလိုက်သည်။ ကိုဂျီးများ (ဂဂျီဂကြောင်)က ကြက်ဥကိုအနှစ်ကျက်သွားရင်လည်း မကြိုက် ၊ မကျက်ရင်သိမ်မကြိုက်ဆိုတော့ မကျက်တစ်ကျက်လေးလုပ်ပေးလိုက်သည်။

''သန္တာ မတွေ့ဘူးလား ။ ဒီမှာငါကြက်ဥနှစ်လုံးကြော်ပြီးတော့မယ်။ အမေ့!! ''

''မောင့် အိမ်ရှင်ထီးလေး ''

ဆက်နေနိုင်ရေချိုးပြီး ထမင်းစားခန်းထဲ ဝင်လာတော့ မသန္တာကိုအရင်တွေ့သည်။ မသန္တာလက်ထဲက ကြက်အူချောင်း အထုတ်ကိုယူလိုက်ပြီး မျက်စပြစ်ပြကာ အပြင်ထွက်ပေးဖို့ပြောလိုက်တော့ ပြုံးစိစိကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ထွက်သွားသည်။ မသန္တာထွက်သွားတော့မှ သည်းငယ်ဆီလျှောက်သွားပြီး အနောက်ကနေခါးလေးကို ဖက်လိုက်တော့ လန့်သွားသည်။

ချစ်ခြင်း၏အပိုင်းစများ (Completed )Where stories live. Discover now