ချစ်ခြင်း၏အပိုင်းစများ (Part -7)

2.1K 214 8
                                    

Zawgyi + Unicode

'' ချစ်တယ် မိုး ။ ''

'' ဝေ ရောပဲခန့် ''

'' အာ...ခန့် ဟုတ်လား ။ ပြန်ပြောပေးပါဦးကွာ ။ ''

ရှက်နေသည့် သူလေးရဲ့ မျက်နှာလေးကို ရင်ခွင်ထဲက ဆွဲထုတ်တော့ အထုတ်မခံပဲ ပိုတိုးဝှေ့ကာ ​နေလေသည် ။

'' ပြန်တော့လေ မိုးတအားချုပ်နေပြီ ။ စက်ဘီးလည်း မပါဘူး ။ ''

'' အင်းပါ မိုး မနက်ကျရင် ကိုယ် ဖုန်းဆက်လိုက်မယ်နော် ။ ခြေထောက်ကိုလည်း ဂရုစိုက်ဦး ။ ''

'' အင်းပါ ။ တာ့တာ ''

'' တာ့တာ ချစ်တယ် ။ ''

'' တူတူပဲ ။ ''

.....................................
......

'' ဟာ သည်းငယ် နိုးနေပြီလား ။ အစောကြီးရှိသေးတယ် ။ သည်းငယ်အကြိုက် ထမင်းနဲ့ကြက်အူချောင်းကြော်ရောကြော်ထားတယ် ။ ကော်ဖီက ပရီမီယာ အိပ်စ်ပရက်စို (Premier Espresso) ဖျော်ပေးထားတယ်နော် ။ အော် မောင် ထည့်ပေးထားတဲ့ သွားတိုက်တံနဲ့ သွားတိုက်ဆေးကို ရေချိုးခန်းထဲမှာတွေ့လား။ ''

နိုးနိုးချင်း အေးစက်နေသည့်နေရာကြောင့်​နေနိုင်မရှိတော့မှန်းသိလိုက်သည် ။ ကုတင်ဘေးက နာရီကို လှမ်းကြည့်မိတော့ 6နာရီခွဲရှိသေးတယ် ။ အစောကြီးထပြီး စေးအတွက်ပြင်ဆင်ပေးနေပြန်ပြီနဲ့တူတယ် ။ နေနိုင်ရဲ့အဲ့ဒီအကျင့်လေးက သူနဲ့စေး လက်ထက်ပြီးကတည်းကပဲ ။ အဝတ်စားတွေကအစ သူမသိအောင် စေးကလျှော်ထားမှ တော်ရာကျသည်လေ ။

မဟုတ်ရင်သူက သူဌေးသား မပီသစွာ အဝတ်တွေကို ဖွတ်ရတာနဲ့ ထမင်းဟင်းချက်ပေးရတာနဲ့ သူ့အမေမြင်သွားရင်မကောင်းဘူးဟုတ် ။ အခုဒီမနက်လည်း သူ့ရဲ့အလေ့ကျင့်တိုင်း အကုန်ကိုယ့်အတွက်လုပ်ပေးထားသည် ။ မသိရင်အမြဲကိုယ်ကပဲ ဘီလူးဆိုင်းတီးနေသလိုဖြစ်နေတယ်။ သူက ကောင်းပေးရက်နဲ့ စေး က ဘလိုင်းကြီးမုန်းနေတယ်ပေါ့။ တကယ်တော့ စေး နေရာမှာတခြားသူဆိုလည်း စေးလို မုန်းမယ်ထင်တာပဲ ။

''သည်းငယ် သည်းငယ် မောင်ခေါ်နေကြာပြီ ။ ဘယ်သူ့အကြောင်းတွေတွေးနေတာလဲ ။ ''

''ဘာမှမတွေးပါဘူး ။ ဒါနဲ့မနက်အစောကြီးတွေ ထရတာ မပင်ပန်းဘူးလား ။ တော်ကြာမင်းပိန်သွားရင် မင်းအမေက ငါ့အပြစ်ဖို့နေဦးမယ် ။ ငါ့ဘာသာ လုပ်စားတတ်ပါတယ်။ ''

ချစ်ခြင်း၏အပိုင်းစများ (Completed )Where stories live. Discover now